ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (34) Chapter (510) ညီအစ်ကိုတဲ့လား
“အား”
စိတ်ဝိညာဉ် စုတ်ဖြဲခံရသည့် အသံနှင့်အတူ ဧရာမ နဂါးကြီး၏ ခန္ဓာကိုယ်တွင်းမှ ဖောက်ထွင်း မြင်ရနိုင်သည့် နဂါးစိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။
“အား …”
ဧရာမ နဂါးကြီးသည် နာကျင်မှုကြောင့် တုန်ယင်နေသည်။ ဂြိုဟ်များကို ရစ်ပတ်နိုင်သည့် နဂါးကြီး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်လာလေသည်။ ထိုအခိုက်တွင် နေအဖွဲ့အစည်း တစ်ခုလုံး အဆုံးသတ်တော့လေမလားဟု ထင်မှတ်နေရသည်။
ဧရာမ နဂါးကြီး၏ မျက်လုံး၌ ကြောက်စိတ်များနှင့် ပြည့်နှက်နေသည်။
“ဒါ ဘာသိုင်းကျင့်စဉ်လဲ၊ ဘယ်လိုလုပ် ဒါက ငါ့နဂါးစိတ်ဝိညာဉ်ကို ဆွဲထုတ်နိုင်တာလဲ”
သူသည် မျက်စိရှေ့မှ အဖြစ်အပျက်အား လက်ခံရခက်နေ၏။ သူ့စိတ်ထဲ၌ ကြောက်လန့်၍ သွေးပျက်နေဟန်များဖြင့် ပြည့်နှက်နေသည်။
ထိုသို့သောအချိန်၌ နဂါးနက် ဧကရာဇ်နှင့် အခြားသူများ အလွန်အမင်း ထိတ်လန့်နေကြသည်။
ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သော လူသားတစ်ယောက်က ဧရာမ နဂါးတစ်ကောင်၏ စိတ်ဝိညာဉ်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်နိုင်ခြင်းက လူတိုင်းအား ကြက်သီးမွေးညင်း ထသွားစေသည်။
ထိုစဉ် ယဲ့ဖန်၏ လက်တစ်ဖက်က ဧရာမ နဂါးကြီး၏ စိတ်ဝိညာဉ် တစ်ခုလုံးကို အပြီးတိုင်း ဆွဲထုတ်လိုက်နိုင်သဖြင့် အဖြူရောင် အလုံးလေးတစ်လုံးက လေထဲ ဝဲပျံလာသည်။
ထိုအထဲ၌ သေးငယ်သော နဂါးတစ်ကောင် ရှိနေသည်။ ၎င်း၏ အစွယ်နှင့် လက်သည်းများကို အနက်ရောင် ချီမျှင်စုများက ရစ်ပတ်ထားသည်။ ထိုအချိန်၌ ၎င်းသည် အနက်ရောင် ချီမျှင်စုများကြားထဲမှ ရုန်းမထွက်နိုင်ချေ။
“မဟုတ်ဘူး ငါ့ကို လွှတ်ပေးစမ်း”
ထိုနဂါးစိတ်ဝိညာဉ်သည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ကွဲထွက်လာရသဖြင့် အလွန်အမင်း ကြောက်လန့်ကာ အသည်းအသန် ရုန်းကန်နေ၏။ နဂါးစိတ်ဝိညာဉ်၏ မျက်လုံးများက ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။
![](https://img.wattpad.com/cover/259612097-288-k232604.jpg)