Chapter 555

689 80 4
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 37 Chapter (555) ပြေးရမှာလား၊ နောက်ကျသွားပြီ

*သူမ ကြိုးစားမှုတိုင်းက သူ့အမြင်တွေ ပြောင်းလဲသွားဖို့တဲ့လား*

ထိုစကားကြောင့် ဟူရွှမ် မနာလိုဖြစ်သွားမိသည်။ သူ ထိုလူနှင့် နေရာချင်းလဲရန် မစောင့်နိုင်တော့ချေ။ သူ ကျိတ်၍ အံကြိတ်မိသည်။

"သောက်ခွေးမသား၊ မင်းကများ ခရမ်းပြာ နတ်မိမယ်ရဲ့ နှလုံးသားကို သိမ်းပိုက်သွားတယ်ပေါ့လေ၊ သေသင့်တဲ့ကောင်"

သို့သော် ဟူရွှမ် မနာလိုဖြစ်၍ ရူးမတတ် ဖြစ်နေချိန်၌ သူ၏ဂျူနီယာညီမလေးက သူ့နောက်တည့်တည့်ကို ကြည့်နေသဖြင့် အံ့အားသင့်သွားရသည်။ သူမ၏ ကိုယ်လေးက အံ့အားသင့်စရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ တုန်ယင်လာသည်။

*ဒါက ...*

ဟူရွှမ် မှင်တက်သွားသည်။ ထို့နောက် သူ နောက်သို့ ခပ်သွက်သွက် လှည့်ကြည့်လိုက်သောအခါ ခရမ်းပြာ နတ်မိမယ်၏ အကြည့်များက အရက်သောက်နေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ထံသို့ ကျရောက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုအမူအရာသည် နေ့ရောညပါ တွေးတောမိနေသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရဟန်ဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အမူအရာပင်။

*ဟမ်*

ဂိုဏ်းသခင်လေး မျက်မှောင်ကြုတ်သွားသည်။

"ဂျူနီယာညီမလေး၊ မင်း အဲ့လူကို သိလို့လား"

ဟူရွှမ် မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ခရမ်းပြာ နတ်မိမယ် အလွန် စိတ်လှုပ်ရှားနေသည်ကို သူ ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူမ၏ လှပသော မျက်ဝန်းလေးများက နီရဲ၍ စိုစွတ်နေပြီး သူမကိုယ်လေးက တုန်ယင်လာသည်။

"စီနီယာ အစ်ကို၊ ကျွန်မ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့လိုက်ရလို့ပါ"

ဟူရွှမ်ကို တောင်းပန်ပြီးနောက် ခရမ်းပြာ နတ်မိမယ်သည် ခပ်သုတ်သုတ် ထ၍ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးထံသို့ လှမ်းသွားသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Opowieści tętniące życiem. Odkryj je teraz