ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han ShinBook 29 Chapter (421)
ဝုန်း!
ထို့သို့သောအချိန်၌ စိတ်ဝိညာဉ် တိုက်ပွဲပြိုင်ကွင်းကြီးတစ်ခုလုံး ငရဲကျလုနီးပါးဖြစ်နေ၏။ အော်ဟစ် သတ်ဖြတ်သံများက သွေးပျက်စရာကောင်းလှသည်။
ချင်းချင်းနီနေသောသွေးများက သွေးမိုးရွာသွန်းသကဲ့သို့ ဖြန်းပက်နေ၏။
နတ်ဆိုးစိတ်ဝိညာဉ်များသည် အလွန်တရာမှကို ရက်စက်လွန်းလှသည်။ သူတို့ခန္ဓာကိုယ်ပေါ်မှ စိတ်ဝိညာဉ် ပျက်သုဉ်းခြင်း သံကြိုးများက သူတို့၏ စိတ်ဝိညာဉ်များကို လောင်မြှိုက်လျက်ရှိသည်။ သို့သော် နတ်ဆိုးစိတ်ဝိညာဉ်တိုင်း ရူးသွပ်စွာ ပြုမူနေကြသည်။
သူတို့ အသတ်ခံရလျင်တောင်မှ သူတို့သည် စိတ်ဝိညာဉ် ဆရာသခင်များနှင့်အတူ ပျောက်ကွယ်သွားအောင် ပြုလုပ်ကြပေမည်။
“အား … အား …”
စိတ်ဝိညာဉ်ဆရာသခင်တစ်ယောက် ကိုယ်နှစ်ခြမ်းကွဲထွက်သွားလေသည်။
*ဘယ်လို*
စိတ်ဝိညာဉ် ဆရာသခင်များ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်နေကြသည်။
သူတို့သည် စိတ်ဝိညာဉ်များသာ ဖြစ်သော်လည်း အလွန်အမင်း ရက်စက်၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
နာမည်ကြီး စိတ်ဝိညာဉ် ဆရာသခင်တစ်ယောက်သည် နတ်ဆိုးစိတ်ဝိညာဉ်၏ လက်အောက်သို့ သက်ဆင်းရလေသည်။
ရာနှင့်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များသည် သေမင်းများလိုပင် အရာအားလုံးကို ဖျက်ဆီးနုတ်ယူကြလေ၏။
“သေစမ်း”
ထိုသို့သောအချိန်၌ နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိဖြစ်သူ ရိုဒါတစ်ယောက် အလွန်အမင်း သုန်မှုန်လို့ နေသည်။
ထိုမကောင်းဆိုးဝါးများက ဒီလောက် ရူးသွပ်ကြလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ကောင်းပြီလေ၊ သိပ်ကောင်းတဲ့ နတ်ဆိုးအဖွဲ့တွေ”
ရိုဒါ၏ မျက်နှာထားသည် အလွန် ရက်စက်ကြမ်းကြုတ်လာပြီးနောက် ဟစ်အော်လိုက်သည်။
“ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် ဘယ်မလဲ”
ထိုအော်သံအဆုံး၌ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
စိတ်ဝိညာဉ် တိုက်ပွဲပြိုင်ကွင်း အပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ ရုတ်တရက် ရောက်ချ လာသည်။
မျက်တောင်တစ်ခတ်အတွင်း နတ်ဘုရား သေနာပတိအဆင့် ရှိသောသူများနှင့် ပြည့်နှက်လာသည်။ လေထဲ၌ အဖြူရောင်၊ အနက်ရောင်များနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့သည် နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါအား လှမ်းကြည့်၍ ပြိုင်တူ အရိုအသေပေးလာကြသည်။
“ကျွန်တော်မျိုးတို့ ဒီမှာပါ”
ဤဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များသည် တစ်ယောက်ချင်းစီက ရူးသွပ်နေသော သူများကဲ့သို့ တိုက်ခိုက်ကြပြီး ထိုစိတ်ဝိညာဉ် ဆရာသခင်များထက် ပို၍သန်မာကြလေသည်။
“သတ်ပစ်၊ အဲ့ဒီ အာဏာဖီဆန်တဲ့ နတ်ဆိုးအားလုံးကို ဖျက်ဆီးပစ်”
ရိုဒါ၏ မျက်လုံးတွင်း၌ သွေးဆာနေသော ရက်စက်မှုမျိုး ထင်ဟပ်နေသည်။ သူ့အမိန့်ကို ကြားပြီးနောက် ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ၏ မျက်နှာများ ဖွေးစုတ်လာသည်။
“ဟုတ်ကဲ့ပါ အရှင်”
ထို့နောက်တွင်မူ …
ရွှီး!
ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များက နတ်ဆိုးစိတ်ဝိညာဉ်များထံသို့ ပြေးဝင်သွားကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
စိတ်ဝိညာဉ်များ အပိုင်းခံလိုက်ရသည့် အသံများ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဒါဇင်နှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များ အပြင်းအထန် ဒဏ်ရာရပြီး သေဆုံးသွားကြသည်။
“နောက်ဆုတ်ကြ၊ နောက်ဆုတ်ကြ၊ နောက်ဆုတ်”
ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များနှင့် စိတ်ဝိညာဉ် ပျက်သုဉ်းခြင်း သံကြိုးတို့၏ တိုက်ခိုက်မှုအောက်၌ နတ်ဆိုးများအားလုံး တစ်လှမ်းချင်း ဆုတ်ခွာကြရပြီး အားနည်းသထက် နည်းလာရ လေသည်။
မျက်စိတစ်မှိတ်အတွင်း၌ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များက တစ်ရာကျော်နီးပါး ရှိသော နတ်ဆိုး စိတ်ဝိညာဉ်များကို ပြိုင်ကွင်းထဲရောက်လာအောင် ဖိအားပေးနိုင်ခဲ့ပြီး ရူးသွပ်စွာ ဝိုင်းအုံထားကြသည်။
ကြောက်မက်ဖွယ်ကောင်းလှပေ၏။
ထိုသို့သောအချိန်၌ နတ်ဆိုးစိတ်ဝိညာဉ်တိုင်း၏ ခန္ဓာကိုယ်ပေါ်၌ အမာရွတ်များနှင့် ပြည့်နှက်နေပြီး စိတ်ပျက်လုနီးပါး ဖြစ်နေကြသည်။
သူတို့၏ မျက်နှာပေါ်တွင် အလွန်အမင်း ဝမ်းနည်းမှုနှင့် အသေအကြေ စိတ်ပိုင်းဖြတ်ထားဟန်များ ပေါ်လွင်နေ၏။
ဤမြင်ကွင်းကို ကြည့်ပြီး နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါနှင့် သူ့ဘေးပတ်လည်မှ စိတ်ဝိညာဉ် ဆရာသခင်များအားလုံး အလွန် စိတ်လှုပ်ရှားလာကြသည်။
“ဟားဟားဟား … နိမ့်ကျတဲ့ နတ်ဆိုးတွေ၊ မင်းတို့ကများ ပုန်ကန်ရဲတယ်လား၊ မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“သတ်ပစ်၊ အဲ့နတ်ဆိုးတွေရဲ့ ခေါင်းတွေကို ခုတ်ဖြတ်ပစ်၊ အားလုံးကို သေခိုင်းလိုက်တော့”
“ဟမ့်၊ နိမ့်ကျတဲ့ ပုရွက်ဆိတ်တစ်ဖွဲ့ကများ … အခု စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ရဲ့ သခင်က ဘယ်သူလဲ သိပြီမလား”
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါနှင့် ဘေးပတ်လည်မှ စိတ်ဝိညာဉ် ဆရာသခင်များအားလုံး ပျော်မြူးနေကြသည်။
သူတို့အားလုံးသည် နတ်ဆိုးများ၏ သေဆုံးခြင်းကို မြင်ယောင်ထားပြီးသားပုံပေါက်နေ၏။ ယခုအခါတွင် တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များသည် စုစည်းနေရန် ဖိအားပေးခံထားရသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ဖေးမ၍ ဘေးချင်းကပ်၍ တိုက်ခိုက်နေကြသည်။
သို့သော်လည်း သေခြင်းတရားက နီးကပ်လို့လာလေသည်။ နတ်ဆိုးတိုင်း သေမင်းအရိပ်အငွေ့ကို ရနေကြသည်။
“ညီအစ်ကိုတို့ ဒီနေ့ ငါတို့ အတူတူ သေဆုံးကြမယ်၊ ငါ ကြံကြီးက သေရမှာကို နောင်တမရဘူး”
ကြံကြီးက ခက်ထန်သော လေသံဖြင့် ကြုံးဝါးလိုက်သည်။
သူသည် ကံဆိုးမိုးမှောင်ကျတော့မည့် ဘုရင်တစ်ပါးလိုပင်။
“ငါတို့တွေက ရှင်လည်း ညီအစ်ကိုတွေ၊ သေလည်း ညီအစ်ကိုတွေပဲ”
“သခင်ကြီးနဲ့ ညီအစ်ကိုတွေက ငါတို့ကို စောင့်နေပြီ၊ အိမ်ပြန်ကြစို့”
ထိုစကားက နတ်ဆိုးအားလုံးကို လုံးဝ မီးစာထိုးပေးလိုက်သလိုပင်။ သူတို့၏ မျက်လုံးတွင်း၌ နှိုင်းယှဉ်မရနိုင်သည့် ရူးသွပ်မှုမျိုး ပေါ်လွင်လာ၏။
*အိမ်ပြန်မယ်*
နတ်ဆိုးစိတ်ဝိညာဉ်တိုင်း၏ မျက်နှာထက်၌ အပြုံးများ ဖြစ်ပေါ်လာသည်။
ဟဲဟွမ်!
*သေသွားရမှာ နှမြောဖို့ကောင်းလိုက်တာ*
ထိုသို့သောအချိန်၌ တစ်ရာနီးပါးရှိသော နတ်ဆိုးစိတ်ဝိညာဉ်များသည် ဆက်၍ မတိုက်ခိုက်တော့ဘဲ အတူတူ စုဝေးလိုက်ကြပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ကျန်လက်တစ်ဘက်ကို ရင်ဘတ်ပေါ် တင်လိုက်သည်။
သူတို့၏မျက်နှာထက်၌ ဝမ်းနည်းမှုနှင့် ရူးသွပ်မှုတို့ ဖုံးလွှမ်းနေ၏။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“သခင်ကြီး ကျွန်တော်မျိုးတို့ အရောက် လာခဲ့ပါမယ်”
ထိုစကားသံများက နေရာအနှံ့သို့ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပျံ့နှံ့သွားလေသည်။ အကြီးအကျယ် ပျက်ဆီးစေနိုင်သော စွမ်းအင်တစ်ခုက တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလေသည်။
ဝုန်း!
ထိုစွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကိုတောင်မှ ဖျက်ဆီးနိုင်လေသည်။
လွင့်ထွက်သွားသော ဒါဇင်နှင့်ချီသည့် ဂြိုဟ်ကမ္ဘာအစောင့်အရှောက်များသည် ခုခံချိန်မရလိုက်ဘဲ အမှုန့်အသွင် ပြောင်းလဲသွားလေတော့သည်။
ဤမြင်ကွင်းက နံပါတ်တစ် စိတ်ဝိညာဉ်သေနာပတိ ရိုဒါ၊ စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။
“သေစမ်း၊ ဒီနတ်ဆိုးတွေက သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်တော့မှာပဲ”
စိတ်ဝိညာဉ် ဖောက်ခွဲခြင်း!
ဤသည်ကား အရက်စက်ဆုံးနှင့် အရူးသွပ်ဆုံး သေကြောင်းကြံသည့် နည်းလမ်းပင်။
စိတ်ဝိညာဉ်တစ်ခု ဖောက်ခွဲလိုက်သည်နှင့် နတ်ဘုရား စိတ်ဝိညာဉ်တစ်ခု ပျက်ဆီးသွားပြီး ဘယ်သောအခါမှ ပြန်လည်မွေးဖွားလာနိုင်မည် မဟုတ်ပါ။
ပြောရမည်ဆိုလျင် တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များ ပေါက်ကွဲသွားမည်ဆိုပါက စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံး လုံးဝ ပျက်ဆီးသွားပေလိမ့်မည်။
*ပြေးရမယ်*
မရေတွက်နိုင်သော စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များသည် အရူးအမူး ထွက်ပြေးကြလေသည်။
သို့သော် အကြီးအကျယ် ပျက်ဆီးစေနိုင်သော စိတ်ဝိညာဉ် ဖောက်ခွဲခြင်း အင်အားစုက ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားလေသည်။
“အား”
အဖျက်စွမ်းအင်အောက် ကျရောက်သွားသော စိတ်ဝိညာဉ် ဆရာသခင်တစ်ယောက်နှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်တို့သည် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
နတ်ဆိုးစိတ်ဝိညာဉ်တိုင်း၏ မျက်နှာထက်၌ ပြတ်သား၍ သေအံ့ဆဲဆဲအပြုံးမျိုး ဆင်မြန်းထားကြသည်။
အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
စိတ်ဝိညာဉ် ဖောက်ခွဲခြင်း စတင်လေပြီ။
ဝုန်း!
တစ်ရာနီးပါးသော နတ်ဆိုးစိတ်ဝိညာဉ်များ၏ စွမ်းအင်က ချက်ချင်း ပျံ့နှံ့သွားပြီး ရာနှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များ ပျောက်ကွယ်တော့မည်ကို မြင်နေရသည်။
ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဆန်းကြယ်ရေခဲပန်းပွင့်များ ကျဆင်း လာပြီး စိတ်ဝိညာဉ် ဖောက်ခွဲခြင်း၏ စွမ်းအင်ကို ဖုံးအုပ်သွားသည်။
စိတ်ဝိညာဉ် ဖောက်ခွဲခြင်း စွမ်းအင်များအားလုံး ရုတ်ချည်း ရပ်တန့်သွားလေသည်။ ထိုစွမ်းအင်များက အေးခဲသွားသည့်ပုံပင်။
ထို့နောက် အားလုံး၏ စိုးထိတ်နေသော မျက်လုံးများအောက်၌ ဧရာမလက်ကြီးတစ်ဘက်က ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
“ငါ့ကိုလွှဲထားလိုက်၊ ပြန်ကြတော့”
နတ်ဆိုးတစ်ကောင်၏ အသံထွက်ပေါ်လာလေသည်။
ရူးသွပ်ဖွယ်ကောင်းသော စိတ်ဝိညာဉ် ဖောက်ခွဲခြင်းစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော ရေခဲဓာတ်အောက်၌ ဖိနှိပ်ခြင်း ခံထားရပြီး အဖြူရောင်အလင်းတန်းများ ကွယ်ပျောက်သွားသည်။
“ဒါက …”
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံး သေဆုံးသွားသကဲ့သို့ တိတ်ဆိတ်သွားလေသည်။
နတ်ဆိုးများ၊ စိတ်ဝိညာဉ် ဆရာသခင်များ၊ ဂြိုဟ်ကမ္ဘာအစောင့်အရှောက်များနှင့် ရိုဒါတို့အားလုံး မှင်တက်နေကြသည်။
ဤဆန်းကြယ်ရေခဲပန်းပွင့်က ရာချီသော နတ်ဆိုးများ၏ စိတ်ဝိညာဉ် ဖောက်ခွဲခြင်း စွမ်းအင်ကို ဖိနှိပ်သွားနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*အံ့ဩစရာကောင်းလိုက်တာ*
ထိုသည်သာမကသေး ပြိုင်ကွင်း၏ အလယ်ဗဟို၌ အမည်မသိ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက် လေထဲ ပျံသန်းလို့နေ၏။ သူ၏ မျက်နှာသည် ဓားကဲ့သို့ ထက်ရှပြီး ငရဲမှထွက်ပေါ်လာသော နတ်ဆိုးတစ်ကောင်လိုပင်။
*မဖြစ်နိုင်လိုက်တာ*
နတ်ဆိုးခေါင်းဆောင် လေးယောက်နှင့် ရာချီသော နတ်ဆိုးစိတ်ဝိညာဉ်များသည် အလယ်ဗဟိုမှ အနက်ရောင်ပုံရိပ်ကို ကြည့်ရင်း ငေးကြောင်ကြောင် ဖြစ်နေကြသည်။
“ဒါ … ဒါ အိပ်မက်များလား”
နတ်ဆိုးအိုကြီး ဘက်ခါသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ ထို့အတူ ကြံကြီးနှင့် အခြားနတ်ဆိုး စိတ်ဝိညာဉ်များအားလုံး မှင်တက်ကာ မယုံနိုင်ဖြစ်နေကြသည်။
“သခင်ကြီး … သခင်ကြီး၊ ဒါ အမှန်ပဲလား”
ထိုသို့သောအချိန်၌ နတ်ဆိုးများအားလုံးသည် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားမိနေကြသည်။
“ငါလား မင်းတို့ကို အသေခံခိုင်းမှာ”
ထိုသို့သောအချိန်၌ ယဲ့ဖန်ထံမှ မာကြောသောအသံ ထွက်ပေါ်လာပြီး ရာနှင့်ချီသော နတ်ဆိုးများအားလုံးကို တုန်ယင်သွားစေသည်။
*တကယ်ပဲကိုး*
*ဒါ တကယ် ဖြစ်နေတာကိုး*
*သူ မသေသေးဘူးပဲ*
*သူ ပြန်လာပြီ*
ထိုသို့သောအချိန်၌ ရာနှင့်ချီသော နတ်ဆိုးစိတ်ဝိညာဉ်များ ဒီ့ထက်ပို၍ စိတ်မလှုပ်ရှားနိုင်တော့ချေ။
“နတ်ဆိုးတွေက သခင်ကြီးကို အရိုအသေပေးပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုး ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ထိုအသံများက မပြတ်ထွက်ပေါ်လာပြီး ကောင်းကင်ကိုတုန်ခါ၍ ကမ္ဘာမြေကို တုန်လှုပ်သွားစေသည်။
ဒုန်း!
ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းက နံပါတ်တစ် စိတ်ဝိညာဉ်သေနာပတိ ရိုဒါ၊ စိတ်ဝိညာဉ် ဆရာသခင်များနှင့် ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ ဖင်ထိုင်ရက်သား လဲကျသွားလေသည်။
*ရာနဲ့ချီတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေက ဒူးထောက်နေကြတယ်*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
![](https://img.wattpad.com/cover/259612097-288-k232604.jpg)