ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (34) Chapter (502) သူတို့ နိုးထလာပြီ
အားလုံး အဖြူရောင် ပြောင်းသွားလေသည်။ အရာအားလုံး ပြာဖြစ်သွားပြီး ပကတိ အေးစက်လာ၏။
မကြာခင်မှာပင် အဖြူရောင် ပိုးအိမ်ကြီး ပြန်ပွင့်လာပြီး ယဲ့ဖန်နှင့် ဖန့်ယင်းတို့ ထွက်ပေါ်လာသည်။ ဖန့်ယင်းသည် အလွန် လှပနေဆဲ ဖြစ်သည်။ သူမ၏ ဆံနွယ်များသာ အဖြူရောင်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
သူမသည် တစ်ကိုယ်လုံး ပင်ပန်းနွမ်းလျနေပြီး သူမကိုယ်ပေါ်မှ နတ်ဘုရားစွမ်းအင်များ ပျေက်ကွယ်သွား လေတော့သည်။
“ဒါတောင် မအောင်မြင်သေးဘူးလား”
သူမသည် ယဲ့ဖန်ကိုကြည့်ပြီး မျက်နှာထက်၌ ဝမ်းနည်းကြေကွဲဟန်များ ထင်ဟပ်လာသည်။ သူမသည် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို သုံးစွဲခဲ့သော်လည်း သူမ ချစ်ရပါသော အမျိုးသားအား သတိရလာအောင် မလုပ်နိုင်သေးချေ။
တောက်!
သူမမျက်ရည်များ မှေးမှိန်သွားသည်။ သူမတစ်ကိုယ်လုံး မရဏ အငွေ့အသက်များဖြင့် ပြည့်နှက်လာသည်။
“ကျွန်မယောက္ခမက တစ်ခါပြောဖူးတယ်၊ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို တစ်ခြားသူဆီ လွှဲပြောင်းပေးလိုက်ရင် ကျွန်မဘဝက အဆုံးသတ်သွားနိုင်တယ်တဲ့”
ဖန့်ယင်း မချိပြုံး ပြုံးလိုက်မိသည်။ သူမသည် ယဲ့ဖန်ကို ငေးကြည့်ရင်း ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေပုံရသည်။
ဝုန်း!
သို့သော် ထိုသို့သောအချိန်၌ ခပ်လှမ်းလှမ်းမှနေ၍ စစ်သင်္ဘောများ အုံလိုက်ကျင်းလိုက် ရောက်လာကြသည်။
စစ်သင်္ဘောတိုင်းသည် D အဆင့်များ ဖြစ်ပြီး စစ်သင်္ဘောများ ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ဝှစ်!
ထိုစဉ် စစ်သင်္ဘောတစ်စီးမှနေ၍ သိုင်းပညာရှင်တစ်ယောက် ဆင်းလာသည်။ သူ့နောက်မှနေ၍ လူထောင်ပေါင်းများစွာ လိုက်ပါလာသည်။
![](https://img.wattpad.com/cover/259612097-288-k232604.jpg)