🍀Part-66🍀

30.9K 2.4K 114
                                    

(Unicode)

ဆေးရုံရှေ့ကို ​ခြေချမိတော့ အညို အထဲဆက်ဝင်ဖို့ တွန့်ဆုတ်နေမိသည်။ဒီနေ့ ကလေးလေးကို အညိုတွေ့ရမှာမလား။ထူးထူးတို့က လိုက်ချင်သော်လည်း ကုမ္ပဏီမှာ လကုန်ရက်ဆို အလုပ်ရှုပ်တာကြောင့် လိုက်လို့မရပေ။

"ညို စိတ်လှုပ်ရှားနေတုန်းလား"

"အွန်း ကိုကို"

"လာ ကိုယ့်လက်ကို တွဲထား "

"ကိုကို တကယ်လို့လေ ကလေးလေးကကြီးလာလို့ သိတက်တဲ့အရွယ်ရောက်ရင်လေ သူ့ကို မွေးစားထားတာ ယောက်ျားလေး၂ယောက်ဆိုတာ သိလို့ ရှက်သွားရင်ဘယ်လိုလုပ်မလဲဟင်"

"ညိုရယ် အဲ့ကျ ကိုယ်တို့ နားဝင်အောင်ပြောကြတာပေါ့"

ညိုပြောသလို သူလဲ စဥ်းစားမိပါသည်။အကယ်၍ ထိုကဲ့သို့ဖြစ်ခဲ့ရင် သတ်ပစ်ဖို့ ဝန်မလေးပေ။ထိုကလေးရဲ့ အသက်က သူ့လက်ထဲမှာရှိတာမို့ ညို ထိုကလေးကြောင့် ဝမ်းနည်းတာ၊ စိတ်မကောင်းဖြစ်တာ၊ စိတ်ညစ်တာ၊ မျက်ရည်ကျတာ မြင်တာနဲ့ သတ်ပစ်မည်။

၂ပတ်အတွင်း ညိုက ကလေးကို သူ့သားအရင်းလိုကို ဂရုစိုက်ရှိပေးသည်။ကလေးကိုက တစ်ပတ်လောက်ဆေးရုံမှာထားပြီး ကျန်တစ်ပတ်ကိုတော့ အိမ်ကိုပြန်ခေါ်လို့ရသည်။ဒီမှာ ၂ပတ်နေရမည်မို့ ကိုကိုက လွတ်လွတ်လပ်လပ်နေလို့ရအောင်ဆိုပြီး အရင်လို ဟိုတယ်တွင် မတည်းစေပဲ ဒေါ်လာ ထောင်ချီပေးရသည့် ကွန်ဒိုတစ်ခုကို အညို မရောက်ခင်ထဲက ဝယ်ပေးထားတာ
ကြောင့် အဆင်ပြေလှသည်။

"ကိုကို နို့ဘူးဖျော်ပြီးပြီလား"

"အင်း အလင်းထိုက်ကို ဖျော်ခိုင်းထားတယ်"

"အပူချိန် သေချာကြည့်ဦးနော် ကိုထိုက်"

"အေးပါကွာ"

မီးဖိုချောင်ထဲက ကိုထိုက်ကို လှမ်းအော်တော့
ဧည့်ခန်းထဲတွင် အတူထိုင်နေသည့် ကိုဟိန်းက လှမ်းကြည့်၏။

*ကြည့်ပါစေပေါ့ ကြောက်ရမှာလား ကိုကိုရှိတဲ့ဟာ*

ကိုယ်ပိုင်လေယာဥ်နဲ့ သွားတာမလို့ ကလေးအတွက် လူဦးရေထူထပ်မှုကနေ တဆင့် ကူးနိုင်မဲ့ ရောဂါတွေအတွက် စိုးရိမ်စရာမရှိပေ။လေယာဥ်အတက်အဆင်းလုပ်ချိန် ကလေးငယ်တွေ နားအူတက်နာကြောင့် နို့တိုက်တာဖြစ်ဖြစ် နို့ဘူးတိုက်တာဖြစ်ဖြစ် လုပ်ပေးရသည်။ကလေးမငိုအောင် ကလေး၏ အရုပ် ဆော့စရာများက်ုလည်း အလွယ်ယူသွားရသည်။လမစေ့တဲ့ ကလေးဖြစ်တာမို့ အညိုတို့ သေချာဂရုစိုက်ရသည်။

ညို...(Completed)Where stories live. Discover now