🍀Part-52🍀

35.4K 3.1K 356
                                    

(Unicode)

"မောင်ရင့်မှာ ကိုယ်ဝန်၃ပတ်ရှိနေပြီ"

"ဗျာ"

ဘယ်လိုဖြစ်နိုင်မှာလဲ သူက ယောကျာ်းလေးလေ။အင်း အိမ်မက်မက်ပြီး မဟုတ်တာတွေလျှောက်ကြားနေရတာနေမည်။

"မောင်ရင်လဲ အံ့သြနေပုံပဲ။ ဒါက ဖြစ်တက်ပါတယ်ကွာ...အခုခေတ်ကြီးမှာ အမျိုးသားကိုယ်ဝန်ဆောင်တွေ များလာတာပဲ သိပ်တော့ အံ့သြစရာမရှိပါဘူး။မောင်ရင့်အမျိုးသားကို ပျော်သွားအောင် လှမ်းအကြောင်းကြားပေါ့"

အမျိုးသားတဲ့လား။

"အမျိုးသားကိုယ်ဝန်ဆောင်တွေများတယ်ဆိုတာ"

"အော် တချို့ကတော့ မွေးရာပါ သားအိမ်ပါသူတွေရှိသလို၊ တချို့ကတော့ မောင်ရင့်လိုပဲ သားအိမ်ထည့်ပြီး ဆောင်ကြတယ်လေ"

"သားအိမ်ထည့်တယ်?"

"ဟုတ်တယ်လေ မောင်ရင်သားအိမ်ထည့်ထားတာမလား ဒီမှာလေ ခွဲရာ ၆လ၇လလောက်တော့ရှိရောပေါ့"

ဒီခွဲရာက သားအိမ်ထည့်သည့် ခွဲရာတဲ့လား။ Braunပြောတော့ သူဗိုက်ကို ထိသွားလို့ ခွဲစိတ်ရသည်ဆို။ဒါတွေ အကုန် Braunစီစဥ်ခဲ့တာလား။ဘာဖြစ်လို့လဲ...။သူအသက်နဲ့လက်ထပ်တာကို မကျေနပ်လို့များ အခုလိုလုပ်ရတာလား။

"ဒီ ကိုယ်ဝန်ကို ဖျက်ချလို့ရမလား ဒေါက်တာ"

"မောင်ရင် ဘယ်လိုစကားပြောလိုက်တာလဲ! ယောကျာ်းလေးတစ်ယာက် ကိုယ်ဝန်​ရှိတာ ဘယ်လောက် ခက်ခဲလိုက်လဲ! သူများတွေ ရှိချင်တာတောင် မရှိရဘူး။မောင်ရင့်လို ဖခင်စိတ်မရှိတဲ့သူမျိုး အန်ကယ်တစ်ခါမှမတွေ့ဖူးဘူး။အကယ်၍ မောင်ရင်ဖျက်ချဖို့လုပ်ရင်တောင် မောင်ရင့် အသက်အန္တရာယ်စိုးရိမ်ရတာမို့ ကြိုအသိပေးပါရစေ။မောင်ရင့်အတွက် အသက်ရှင်နိုင်ခွင့်က 15%ပဲရှိတာမို့ သေချာစဥ်းစားပါ"

ဆရာဝန်ပြောလိုက်သော စကားများကို နားထောင်ပြီး ပြန်မည်အလုပ် ဆေးရုံရှေ့က အုတ်ခုံတွင် ထိုင်ကာ စကားပြောနေသော သူ၂ယောက်ကြောင့် သူ့ခြေလှမ်းတွေရပ်တန့်ကုန်သည်။

"အော် ကိုဥက္ကာဇွဲ သတိရလာပြီလား."

"အင်း"

ညို...(Completed)Where stories live. Discover now