(Unicode)
"အန်ကယ်တို့ သဘောတူညီချက် ယူထားတာ ဒီလိုမှမဟုတ်တာ ဒီကိစ္စဘယ်လိုရှင်းပြမလဲ"
"အကြွေးချေပေးမယ် ပြောခဲ့တာလေ ဆိုင်ဂရမ်ပြန်ပေးမယ် ကိုယ်ပြောခဲ့လို့လား"
"မင်း ဒါ တမင် မလိမ့်တပတ်လုပ်တာပဲ"
"အိုးးးလည်သူစားပဲလေ ခင်များကြားဖူးတယ်ဟုတ်"
"အန်ကယ်ရှင်းရှင်းပဲသိချင်တယ် ဆိုင်ကိုပြန်ပေးမလား မပေးဘူးလား"
"မပေးနိုင်ဘူးဆိုရင်ကော"
"အဟက်!ရတယ်လေ ကောင်းကောင်းပြန်ပါ လိုက်မပို့တော့ဘူး"
"ကျေးဇူးတင်ပါတယ်"
ဦးငယ်နဲ့ ပြောပြီး clubထဲကနေ ကားဆီ ထွက်လာတော့ အနောက်ကနေ တစ်ယောက်ယောက် လိုက်လာတာ ရိပ်မိတာကြောင့် ခပ်မဲ့မဲ့ပြုံးကာ နောက်လှည့်လိုက်သည်။
"ဦးကျော်စွာ ခိုင်းလိုက်တာလား"
ထွန်းသူရ သူဋ္ဌေးခိုင်းသည့်အတိုင်း မျက်နှာဖုံးတက်ထားသည့် ကောင်လေး အခန်းထဲက ထွက်သည်နှင့် နောက်က တိတ်တိတ်လေးလိုက်ကာ မေ့ဆေးအုပ်ပြီး ခေါ်သွားရန်စီစဥ်ထားသည်။ကားပါကင်နား လူရိပ်ကွယ်သည့်နေရာလောက်တွင် မေ့ဆေးအုပ်မည်အပြု ထိုကောင်လေးကရုတ်တရက် နောက်လှည့်လာပြီးမေးတာကြောင့် တခဏတော့ ကြောင်သွားတာအမှန်ပင်။အသိပြန်ဝင်ခါမှ ထိုကောင်လေး သိသွားမှတော့ အကြမ်းနည်းသုံးကာ ခေါ်သွားဖို့ရန် တွေးမိသဖြင့် ဓားကိုထုတ်မည် လုပ်လိုက်သည်။
"အဟက်!ခင်များ သူဋ္ဌေးက လူတစ်ယောက်ကို လုပ်ကြံဖို့ ဒီနည်းပဲရှိတာလား။ ပထမတစ်ခါ ခေါင်းရိုက်တယ်။ ဒုတိယတစ်ခါ မေ့ဆေးအုပ်ဖို့လုပ်တယ် ပြီးရင် ဒီတစ်ခါကော မြေမြုပ်ဦးမှာလား ကို.ထွန်း.သူ.ရ"
"ဟင် မင်း မင်း"
"မတွေ့တာကြာပြီ ကိုထွန်းသူရ"
"မြတ်ဦးညိုလား"
အံ့သြတကြီးမေးလာသည့် ရှေ့ကလူအား မျက်နှာဖုံးချွတ်ပြကာ ပြုံးပြလိုက်သည်။
"ငါသိတယ်...မင်းမသေဘူးဆိုတာ...အဲ့တုန်းက ငါမြှုပ်ခဲ့တာ အဲ့လောက် ရုပ်ပျက်ဆင်းပျက်မှ မဟုတ်တာ"
ESTÁS LEYENDO
ညို...(Completed)
Fantasía"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...