🍀Part-56🍀

32.1K 2.9K 257
                                    

(Unicode)

(ရက်စက်သော အခန်းများပါတာကြောင့် နှလုံးရောဂါရှိသူများနှင့် ကြောက်တက်သူများမဖတ်ပါနှင့်။)

"တော်တယ် ငထွန်း...မင်းကတော့ ငါ့ကို ဘယ်တော့မှ စိတ်မပျက်စေရဘူးပဲ"

သူ့အရှေ့က ထိုင်ခုံတွင် ကြိုးနှင့်ချည်ထားသော သတိမေ့နေသည့် ကောင်လေးအား ကြည့်ကာ ဘေးတွင်ရပ်နေသော သူ့တပည့် ငထွန်းကိုလည်း ချီးကျူးလိုက်သေးသည်။

"ဒီမျက်နှာဖုံးလှလှလေးအောက်မှာ ဘယ်လိုမျက်နှာမျိုးရှိနေမလဲ"

အနားကိုသွားကွာ ခါးကိုင်းလိုက်ပြီး မျက်နှာဖုံးကို ဆွဲခွာလိုက်သည်။

"ဟင်!!!"

ရုတ်တရက်မြင်လိုက်ရသည့် မျက်နှာကြောင့် ကျော်စွာ နောက်ကို ဆုတ်မိ၏။ကိုင်ထားတဲ့ မျက်နှာဖုံးကိုလဲ လွတ်ချမိသွားသည်။

"ဒါ ဒါက ဘယ်လို! မဖြစ်နိုင်တာ..သူ သူက သေပြီ မလား ဘယ်လိုဖြစ်ပြီး"

"အင်းးဟင်းး"

အညို ခုမှ သတိရသလိုပုံစံမျိုးနဲ့ ငြီးကာ အထိတ်တလန့်ပြောလိုက်သည်။

"ဟင် ငါ ငါဘယ်ရောက်....ဟင် ခင်များ! ကျုပ်ကို ဘာလုပ်ထားတာလဲ"

"တိတ်စမ်း...မင်းဘယ်သူလဲ"

"Braun!ကျုပ်နာမည် Braun အခု ခင်များသိရပြီမလား ကျုပ်ကို လွတ်ပေးတော့"

"မင်း!မင်းညာနေတာ!မင်းက မြတ်ဦးညို!တခြားသူကိုသာ မင်းညာလို့ရမယ် ငါ့ကိုတော့ ညာလို့မရဘူးနော် ညိုကလေး..."

အညိုတုန်လှုပ်သွားတာတော့ အမှန်ပင်။

"အဟက်!ဒါဆိုလဲ Long time no seeပေါ့ ဦးငယ်။၇နှစ်လောက်ကြာမှ ပြန်တွေ့ရတဲ့ ကိုယ့်တူလေးကို အခုလို ကြိုဆိုတာလား ဦးငယ်"

"သောက်ပိုတွေပြောမနေနဲ့!!!မင်းကို Braunအနေနဲ့ပြောရမယ် ဆိုရင် ငါ့အကြွေးတွေ ချေပေး!အေး မြတ်ဦးညိုအနေနဲ့ဆိုရင်တော့ မင်းရဲ့ ဆွဲကြိုး ငါ့ကိုပေးစမ်း"

"အကြွေးကတော့ ဟုတ်ပါပြီ...ဆွဲကြိုးက?"

"အဟက် သောက်အဖွားကြီးက မင်းကို ပြောခဲ့မှာ"

ညို...(Completed)Dove le storie prendono vita. Scoprilo ora