(Unicode)
ဒီနေ့ ထူးထူးရဲ့သမီးလေး ရက်၁၀၀ပြည့်မလို့ သူတို့အကုန်ဘုရားသို့သွားရန် ပြင်ဆင်နေကြသည်။ဘုရားကအပြန်ကိုတော့ ဂေဟာကို ဝင်ပြီး အလှူလုပ်ရန်စီစဥ်ထားကြသည်။
အညို ဗီရိုထဲကနေ အင်္ကျီထုတ်နေတုန်း ကျောပြင်ကို ခပ်တင်းတင်းပွေ့ဖက်ခြင်း ခံလိုက်ရ၏။
"ကဲ ဘယ်လိုဖြစ်နေတုန်း သားလာရင် မြင်သွားဦးမယ်"
"မလာဘူး အဲ့ကောင် ကလေးထိန်းနေတယ်"
"ဟမ် ကလေးထိန်းနေတယ်"
"အင်းလေ မင်းသမီးလေးကို ဝိုင်းထိန်းနေကြတယ်"
မင်းသမီးလေးဆိုတာ ထူးထူးသမီးလေးကို အိမ်မှာခေါ်ကြခြင်းပင်။ယောကျာ်းလေးတွေကြားထဲ တစ်ဦးတည်းသော မိန်းကလေးမို့ မင်းသမီးလေးလို့ ခေါ်ခြင်းပင်။
ပြွတ်စ်!ပြွတ်စ်
လည်ပင်းကို တပြွတ်စ်ပြွတ်စ်နမ်းနေသော လူကြီးကြောင့် အညိုနေရခက်လာသည်။
"ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေဗျာ"
"ချစ်လို့ဟာကို ညိုက ခုတော့ ကိုယ့်ကို ငြိုငြင်ပြီပေါ့ အင်းပေါ့လေ ကိုယ်က ဟိုကောင့်လောက်မှ ညို့ကို မချွဲတက်ပဲ အဲ့တော့ ညိုက ခုတော့ ပလစ်ပြီပေါ့"
"ဦးမင်းဇေထက်ရန် ခင်များ ဒရမ်မာတွေ လာရိုက်မနေနဲ့ ဖယ်ဖယ်! တကယ်ပဲ ကလေးနဲ့အပြိုင်"
"ဟင့် ညိုညိုက ကိုကို့ကို မချစ်တော့ဘူးမလား အရင်ဆို အူယားစရာလေးဆိုပြိး တပြွတ်စ်ပြွတ်စ်လိုက်နမ်းပြီးတော့ အခုတော့ ဒရမ်မာရိုက်တယ်တဲ့လား ဟင့် ကိုကို စိတ်မကောင်းဖြစ်သွားပြီ"
ဖက်ထားတာကိုဖယ်ပြီး ကုတင်ပေါ် စူပုတ်ပုတ်သွားထိုင်နေတဲ့ပုံက တကယ့်ကိုသနားစရာ။မြတ်ဦးညို မင်းသူ့လှည့်ကွက်ထဲ ဝင်ဖို့ မစဥ်းစားနဲ့။အဲ့ဒါ သနားစရာမဟုတ်ဘူး အန္တရာယ်! အန္တရာယ်တွင်းကြီး။
"ညိုညိုလေးက ကိုကိုးစိတ်မကောင်းဖြစ်တာကိုတောင် နေနိုင်သွားပြီပေါ့ နောက်ဆို ကိုကိုးဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူးပေါ့ ဟုတ်လားဟင်"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...