🍀Part-57🍀

32.5K 2.8K 178
                                    

(Unicode)

"​ကိုကို....သွေး သွေးတွေ "

"ညို!!!"

နဖူးပေါ်က စီးကျလာသော သွေးများကို လက်ညိုးထိုးကာ သတိလစ်သွားသော ညို့ကို လက်နဲ့ အမြန်ပွေ့ယူ၍ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

"ဆရာဝန်ခေါ်လိုက်! အလင်းထိုက်!"

"ဟုတ် ဆရာ"

ကုတင်ပေါ်တွင် သတိလစ်နေသည့် ကောင်လေး၏လက်ကိုကိုင်ကာ

"တောင်းပန်ပါတယ်ကွယ်...ကိုကို့အပြစ်တွေပါ။ကိုကိုသာ အစောကတည်းက ဒီလူကိုရှင်းပြစ်ခဲ့ရင် ညို ဒီလိုဖြစ်မှာမဟုတ်ဘူး။ကိုကိုသာ ညို့အစီအစဥ်ကို အစကတည်းက တားခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။အကုန် ကိုကို့အပြစ်တွေပါကွယ်"

မျက်နှာတွင် နဖူးပေါ်မှစီးကျလာသော သွေးများနှင့်အတူ မျက်ရည်များပါ စီးကျနေသည်။သန့်ရှင်းရေးထလုပ်ဖို့လဲ သူ မစဥ်းစားချင်။နဖူးပေါ်က ဒဏ်ရာကိုလည်း ဆေးမထည့်အား။ညို့လက်ကို သူ့ပါးမှာအပ်ကာ ငိုကြွေးနေရုံသာ သူလုပ်နိုင်သည်။

အလင်းထိုက် ဆရာဝန်နှင့်ပြန်လာတော့ အခန်းထဲက ဆရာ့ပုံစံကြောင့် သူပါစိတ်မကောင်းဖြစ်မိသည်။တကယ်ဆို သူတို့ အညို့ကို ဒီထက်ပိုစောက်ရှောက်ခဲ့ရမှာ။သူတို့လိုသွားတာပင်။

"အန်ကယ် ဆေးတစ်လုံးထိုးပေးခဲ့တယ်။သူTrumaဖြစ်တဲ့အရာတစ်ခုနဲ့ ပြန်ကြုံတွေ့တဲ့အခါ အဲ့ဒါက သူ့စိတ်ကို ပြန်လွှမ်းမိုးသွားပုံပဲ။ကောင်လေးမှာ နှလုံးရောဂါ အစပြုနေတယ် စိုးရိမ်စရာသိပ်မရှိပေမဲ့ ဂရုတစိုက် ဘေးကနေ ဖေးမပေးပါ။ခြေထောက်တွေ လက်တွေက ဒဏ်ရာတွေလည်း အန်ကယ်ဆေးထည့်ပေးထားတယ်။မနက်ဖြန်လောက်ဆို သတိရမှာပါ မောင်ဇေ့ဒဏ်ရာကို"

"ရပါတယ် ကျွန်တော် ပြီးမှ ကိုယ့်ဘာသာဆေးထည့်လိုက်ပါ့မယ်"

ဆရာဝန်ကတော့ သူ့အကြောင်းသိနေသူပီပီ ဆက်ပြောလဲမရမှာသိတော့ ဘာမှမပြောတော့ပဲ ပြန်သွားတော့၏။မရတာက ဆရာကို ဆရာပြန်လုပ်ချင်သည့် သူ့တပည့်ပင်။

"ဆရာ!"

". ....."

"ဆရာ! အဲ့ဒဏ်ရာဆေးထည့်မှာလား မထည့်ဘူးလား!"

ညို...(Completed)Where stories live. Discover now