🍀Part-61🍀

34.1K 2.7K 208
                                    

(Unicode)

ကတောင်~~~

ရေချိုးခန်းထဲက ထွက်ထွက်ခြင်း messengerထဲက notiသံကြောင့် ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို ယူလိုက်သည်။ထို့နောက် messengerထဲ ဝင်ကြည့်တော့ Braunဆိုသည့် accက video file တစ်ခုနှင့် စာတစ်​ကြောင်း ပို့ထား၏။

💬ကိုယ့်ကို ယောကျာ်းတစ်ယောက်ရဲ့ အောက်မှာ သာယာတယ်ဆိုရင် ခင်များရဲ့ယောကျာ်းက ယောကျာ်း ဘယ်နယောက်ရဲ့ အောက်မှာ သာယာပြီး ညည်းညူနေလဲ ကြည့်ကြည့်ပါဦး

မြတ်နှင်းသက် မဟုတ်ပါစေနဲ့ ဆုတောင်းရင်း ဖွင့်ကြည့်သော်လည်း videoထဲတွင် ယောကျာ်းတစ်ယောက်အား မောင်လို့ခေါ်ကာ ညည်းညူနေသည့် မောင့်အသံကြောင့် သူ(မ)၏မျက်နှာဟာ ဖြူလျှော့လာသည်။တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားသော်လည်း မပြောင်းသွားတာက မောင်ရယ် မောင်နှုတ်က ညည်းညူနေသည့် မောင်ဆိုတာရယ်ပင်။

"ရက်စက်လိုက်တာမောင်ရယ် ဘာလို့များ ဘာလို့များ အင့်"

ဆက်မကြည့်ရဲတော့တာကြောင့် videoကို ပိတ်မည်အပြု videoထဲတွင် အခန်းတံခါးဖွင့်ကာ ကြယ်စေ့တစ်လုံးချင်းစီ ချွတ်၍ ဝင်လာသောသူကြောင့် တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။

"ဦး ဦးငယ်နဲ့ မောင်နဲ့က..အဟက်...ငါ့ကို coverအဖြစ်ယူထားပြီး နောက်ကွယ်မှာ မောင်နဲ့ဦးငယ်က အခုလိုဖြစ်ချင်တိုင်းဖြစ်နေကြတာလား"

နာကျင်စွာ ရေရွတ်ရင်း video fileကို ဆက်ကြည့်ချင်စိတ်မရှိတာကြောင့် ပိတ်လိုက်တော့သည်။ပြီးတော့ Braunပြောထားသည့်ထဲမှာ မောင်က သူ့အတွက် ကလေးအစားမွေးပေးမည် ဆိုတာကကော ဘာသဘောလဲ။

ဗီရို၏ သော့ခတ်ထားသော အောက်ဆုံးအံလေးကိုကြည့်ပြီး သူ(မ)စိတ်တွေလေးလံလာသည်။မောင်က သူ့အလုပ်ကိစ္စတွေနဲ့ အချက်အလက်များကို ထိုအံထဲတွင် သိမ်းထားတက်သည်။

သူ(မ)ကြေးအိုးစားချင်သည်ဆိုလို့ သွားဝယ်သော မောင်ပြန်မလာခင် ဖွင့်ကြည့်ရမည်။ဖုန်းကို ပြန်ယူကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"Hello မောင့် ပြန်လာပြီလား"

"မလာသေးဘူး အသက်ရေ...ဒီမှာ လူကျနေတာနဲ့ မောင့်အလှည့်ကို မရောက်သေးဘူး...ဆာနေပြီလား အသက်"

ညို...(Completed)Where stories live. Discover now