🍀Part-58🍀

32.7K 2.9K 151
                                    

(Unicode)

"အို ဘာဆိုင်လို့ သုံးပုံတစ်ပုံပဲ ရရမှာလဲ"

"မြတ်ဦးညို ပိုင်ဆိုင်မှုမလို့ သုံးပုံတစ်ပုံဆီခွဲဝေပေးတာပါ..တစ်ပုံက မမြကေသီတို့ယူပြီး တစ်ပုံက မခင်မြတ်ကြည်တို့ယူပါ။ ကျန်တစ်ပုံကတော့ မောင်မြတ်ဦးညိုအတွက် ကောင်းမှုလုပ်ပေးပါ။ကျွန်တော်သိသလောက် မောင်မြတ်ဦးညို ဆုံးကတည်းက မောင်မြတ်သူတို့ ရက်လည်ဆွမ်းကျွေးတောင် မလုပ်ခဲ့ဘူးမလား"

"ဘယ်နနှစ်တောင်ကြာပြီလဲ ရှေ့နေကြီးရယ်။သူလဲ တခြားဘုံတခြားဘဝရောက်ရောပေါ့။လုပ်စရာလိုမယ်မထင်ပါဘူးရှင်"

"ရပါတယ် အစ်မပဲ အစ်မဝေစုထဲကနေ တူလေးအတွက်လုပ်လိုက်မယ်။ ညီမလေးတို့က ကျန်နှစ်ပုံလုံး ယူလိုက်ပါ"

"တကယ်ဆို မြတ်ဦးညိုက ကျွန်မသားလေ။သူ့အမွေအကုန် ကျွန်မတို့ ရသင့်တာပေါ့ရှင်"

"အင်းလေ သွေးသားအရင်းက မြတ်တို့ပါ....သူမဆုံးခင်ထိ မြတ်တို့ပဲ စောင့်ရှောက်လာတာလေ အဲ့တော့ အန်တီခင်တို့နဲ့မှမဆိုင်ပဲ"

ရှေ့နေကြီးက ထိုမိသားစုကို စိတ်ပျက်သလို
ကြည့်ကာ ဒေါ်ခင်မြတ်ကြည်ကို အားနာစွာ
ကြည့်၏။

"ဒါဆိုလဲ ညီမလေးတို့ပဲ ယူကြပါ။အစ်မဒါတွေ မမက်ပါဘူး"

"ဒါနဲ့ ခင်များမောင်ကော မမြကေသီ။ကျွန်တော် သူနဲ့လဲ ရှင်းစရာလေးတွေရှိလို့ပါ"

"သူခရီးလွန်နေလို့ပါ ရှေ့နေကြီးရယ်။ရှင်းစရာရှိတာတွေ ကျွန်မကိုပြောလေ"

"မမတင်ရဲ့ အထည်ဆိုင်ကို သူပေါင်လိုက်တယ်ကြားတယ်"

"အဟင်းးးဒါကတော့ရှင် ကျွန်မတို့အဆင်မပြေလို့ ပေါင်မိတာပါ ပြန်ရွေးလို့ရတော့မှာ"

"ဘယ်လို ဘယ်လို..မေမေ့ အထည်ဆိုင်ကို ပေါင်လိုက်တယ်ဟုတ်လား"

"အိုရှင် ဒီခေတ်ကြီးမှာ ပေါင်တာ နှံတာ အထူးအဆန်းမှမဟုတ်ပဲ"

"ဒါပေမဲ့ ဒါက မေမေ့အမွေလေ...မောင်လေး နင်ကကော ဘာမှမပြောဘူးလား"

"ဘာပြောရမှာလဲ ကေသီပြောတာမှန်နေတာကို"

ဒေါ်ခင်မြတ်ကြည် သူ့ရှေ့က မောင်နဲ့ယောင်းမအား ဆက်ပြောချင်စိတ်မရှိတာမလို့  ထိုစားပွဲကနေ ထလာလိုက်သည်။

ညို...(Completed)Where stories live. Discover now