(Unicode)
(မုန်တိုင်းလေး အနည်းငယ်လောက် တိုက်ပါဦးမည်)
"မောင် ဒါက ဘာလဲ....ဟင်လို့မောင့်! မောင့်ပိုက်ဆံအိတ်ထဲမှာ ဘာလို့ ဒီ ultrasound ဓာတ်ပုံက ရှိနေတာလဲ ဒါဘယ်သူ့ဟာလဲ"
"ဟို.."
"အဟက်! မောင်က ငါ့ကို ကလေးမမွေးနိုင်လို့ တခြားတစ်ယောက်ရှာနေတာလား...သွား! မင်းထွက်သွားလိုက်တော့! မင်းရဲ့ဒီကလေး အမေဆီကို ထွက်သွားလိုက်တော့!ဒီထက်ပိုပြီး ငါတို့ ဆက်မပတ်သက်ကြပဲ နေကြရအောင်"
"မဟုတ်ပါဘူး အချစ်ရယ်...မောင်ပြောပြပါ့မယ် နော် မောင်ရှင်းပြတာ နားထောင်ပါဦးကွာ"
"ဘာရှင်းပြမှာလဲ!မင်းတခြားမိန်းမတစ်ယောက်နဲ့ ကုတင်ပေါ်မှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြမှာလား"
"မဟုတ်..."
"ငါ့မှာ ဘယ်သူဘာပြောပြော မင်းကို မျက်စိမှိတ်ယူံပေးခဲ့တာ အင့်..ငါ့မျက်စိနဲ့ မင်းတို့ကို အတူတွဲတွေ့ရင်တောင် လုပ်ဖော်ကိုင်ဖက်မလို့ပါဆိုပြီး နားလည်ပေးခဲ့တာ! ဒါပေမဲ့ မင်းကတော့ ငါ့ကို နွားလုံးလုံးဖြစ်အောင်လုပ်ခဲ့တာ အင့် ငါမင်းကို မုန်းတယ်! စည်သူဖြိုး ထွက်သွားတော့ သွား!"
"အချစ်ရယ် အချစ်ပြောတာတွေ မောင်တော့ တစ်ခုမှ နားမလည်တော့ဘူး"
"နားမလည်တာမဟုတ်ပါဘူး! မင်းက နားမလည်ချင်ယောင်ဆောင်နေတာ!ဘာလဲ! မင်းရဲ့ အဲ့ အတွင်းရေမှူးက ငါ့ထက်ပိုပြီး သာယာမှုပေးနိုင်လို့လားဟမ်! အဲ့ဒါကြောင့် ငါ့နဲ့အတူတူမနေပဲ အဲ့ကောင်မနဲ့.."
"ထူးနောင်ခ!!!"
"မင်းက ဘာတွေမှန်နေလို့ ငါ့ကို အော်တာလဲ!
အင့် မင်းကောင်မကို ထိတော့ နာတာလား။
အေးလေ ငါက အစကတည်းက သူများစော်ကားတာ ခံထားရတဲ့ကောင်ဆိုတော့ မင်းလဲ ငြီးငွေ့ပြီး မသတီဘူးဖြစ်ရောပေါ့!""ကျစ်!ဘာလို့မဆိူင်တာတွေလာပြောနေတာလဲ! ဟမ်! မင်းက အဲ့အစော်ကားခံရတာကို မမေ့နိုင်ပဲ ခုချိန်ထိ တသသဖြစ်နေတာလား! တစ်ခါလေးခံရတာကို ခုချိန်ထိ အဲ့အထိအတွေ့ကို မမေ့နိုင်ပဲလွမ်းနေတာလား"
ESTÁS LEYENDO
ညို...(Completed)
Fantasía"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...