(Unicode)
အညို ဆေးရုံအခန်းဝတွင် ခြေစုံရပ်နေမိသည်။ကိုကိုကလည်း သူ့လက်ကို ကိုင်ကာ အားပေးနေသည်။
"ဝင်သွားလိုက်ညို ဒါက သူ့ရဲ့ နောက်ဆုံးအချိန်မလား"
"အင့်"
တံခါးလက်ကိုဆွဲကာ အထဲကို ဝင်သွားတော့ ကုတင်ပေါ်တွင် ပတ်တီးပလပွနှင့် ဖေဖေကကော ဘေးတွေရပ်နေသော မေမေကပါ တံခါးဝတွင်ရှိနေသော သူ့ကိုကြည့်လာသည်။မေမေက အနားပြေးလာကာ သူ့ရင်ဘက်တွေ ကျောပြင်တွေ တဖုန်းဖုန်းထုရင်း
"နင့်ကြောင့်!နင့်ကြောင့် နင့်အဖေဒီလိုဖြစ်တာ သိရဲ့လား ဟင်! ဂြိုလ်ဆိုးကောင် အီးးဟီးးဟီး"
ဘုန်း!ဘုန်း!
"နင်က တကယ်ကို အစကတည်းက မွေးမလာသင့်တဲ့ကောင်!ငါတို့ မိသားစုကို ဖျက်စီးတဲ့ကောင် ဂြိုလ်ဆိုးကောင်! ငါ့ဝမ်းနာတယ် သန္ဓေဆိုးကောင်ရဲ့!!"
"အင့်"
အံကိုကြိတ်ကာ မေမေပြောသမျှကို ငြိမ်နားထောင်နေမိသည်။တကယ်သူဟာ မေမေတို့အတွက် ဂြိုလ်ကောင်ဖြစ်နေပြီလား။ဖေဖေ့ကို လှမ်းကြည့်တော့။
"ထွက်....ထွက်...သွား...မ..မ...လာ..နဲ့...ရွံ..တယ် အစ်...အေ့"
ပြောနေရင်း မျက်ဖြူလန်သွားသည့် ဖေဖေ့ကြောင့်
"ဖေဖေ...ဖေဖေ!"
ဝုန်း!
"ဖယ်စမ်း!မြတ်ဦးညို! နင်က ဖေဖေ့ကို သတ်မလို့လား ဟမ်!နင်ဖေဖေ့ကို သေအောင်လုပ်နေတာ!နင်မလာနဲ့ သွား!ထွက်သွားစမ်း! ဒီကောင့်ကို ဘယ်သူခေါ်လာတာလဲ ထွက်သွားစမ်း!"
ဖြန်း!
အပြင်ကပြန်လာပုံရသည့် မမကြီးက အညို့ကိုဖေဖေ့ဆီကနေ တရွတ်တိုက် ဆွဲခေါ်ပြီး ပါးရိုက်လိုက်တာကြောင့် အညို့ ပါးပြင်တစ်ခုလုံး မမကြီး လက်ရာထင်ထင်ရှားရှားတွေ့ရလောက်သည်။
"တောက်စ်! မပြောပဲနေလို့ ရောင့်တက်မလာနဲ့! ညို! သွားမယ် လာ! ကိုယ့်သားအရင်း မောင်အရင်းကို ခါးခါးသီးသီးဆက်ဆံနေတဲ့ ဒီမိသားစုကို ညို ဘာအကြောင်းနဲ့မှ ကပ်တွယ်မနေနဲ့ ရော့! ဒီမှာ သေသွားရင် ညို့ဘက်က တာဝန်ကျေအောင် နာရေးငွေပေးခဲ့တယ်! ခင်များယောကျာ်းသေပြီး ခင်များသေတော့မယ်ဆိုရင်တောင် ညို့ကိုမဆက်သွယ်နဲ့ သေရေးရှင်ရေးမကလို့ ဘာဖြစ်ဖြစ် ညို့ကိုဆက်သွယ်ရင် တစ်မိသားစုလုံး မီးလောင်တိုက်သွင်းပစ်မယ်!လာ ညို!"
STAI LEGGENDO
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...