(Unicode)
ဥက္ကာဇွဲ စားပွဲပေါ်တွင်ရှိနေသော စာချုပ်အား မမှိတ်မသုန် ကြည့်နေမိသည်။အသက် ထွက်သွားပြီး နောက်ရက်မှာ အသက်လက်မှတ်ပါသည့် စာချုပ်ရောက်လာသည်။အသက်လက်မှတ်လှလှလေးက ကွာရှင်းပြတ်စဲခြင်း ဆိုသည့် စာချုပ်ပေါ်မှာ မလိုက်ဖက်စွာ တည်ရှိနေ၏။
ကားသော့ကို ဆွဲကာ ၂ရက်လုံး သူ့ကို ထွက်မတွေ့သည့် အသက်အား ချော့ရန် ယောက္ခမအိမ်သို့ ထပ်ထွက်လာခဲ့သည်။
"မေမေ စောစောက လူကြီး၂ယောက်လာသွားတယ် ဒီအိမ်ကနေ ရွှေ့ဖို့ဆိုတာ ဘာပြောတာလဲ"
"ဟင်းးးမေမေတို့ မြို့သစ်မှာပဲ ပြန်နေဖို့ လုပ်ထားတယ်သမီးကြီး"
"ဘာလို့လဲ ဒီမှာအဆင်မပြေလို့လား"
"မဟုတ်ပါဘူးကွယ် သမီး ဦးငယ်ယူထားတဲ့အကြွေးတွေကော မြတ်ဦးညိုရဲ့ ခြံကိုရောင်းရငွေရော ပြန်ပေးရမယ်လေ အဲ့ဒါနဲ့ မေမေတို့ ဒီအိမ်ကို ေရာင်းလိုက်ရတယ်"
"မြတ်ကိုလည်း ဘာမှမတိုင်ပင်ပါ့လား မေမေရယ်"
"သမီးမှာလဲ ကိုယ့်အပူနဲ့ကိုယ်လေကွယ် ဒါနဲ့ သားဇွဲနဲ့က ဘယ်လိုဖြစ်တာလဲကွယ်"
မေမေ့ကို ဒီတိုင်း ရန်ဖြစ်လို့ အိမ်ပေါ်က ဆင်းလာသည်ဟု ပြောထားသည်ကြောင့် မေမေက တခြားဘာမှမသိသေးပေ။သူ(မ)အနေနဲ့လည်း မေမေတို့ကို ပြောပြမည် မဟုတ်။
"မေမေလဲ သိတဲ့အတိုင်း မြတ်မှ ကိုယ်ဝန်မဆောင်နိုင်တော့တာ..အဲ့ဒါကို အန်တီသွယ်တို့က အမြန်ကွာရှင်းဖို့ သူ့ကိုပြောနေတာ ကြားတာနဲ့ မြတ်စိတ်တိုပြီး ထွက်လာတာ အဲ့ဒါ ထားလိုက်ပါ မေမေရယ် အရေးမှမကြီးတာ...မြတ်ဦးညိုနဲ့ အဆက်အသွယ်ရလား မေမေ"
"သူနဲ့တော့ အဆက်အသွယ်မရဘူး သူ့အတွင်းရေးမှူးဆိုတဲ့သူနဲ့တော့ အဆက်အသွယ်ရတယ်"
"သူကလည်း ကိုယ့်မိဘတွေဆီတောင် အကြွေးတောင်းသလို တောင်းနေရတယ်လို့ မြတ်တော့ သိပ်အံသြတာပဲ"
"မေမေလဲ အရင်ကလို ကိုယ့်စကားဆို အထွတ်မတက်ရဲတဲ့သူလို့ တွက်ပြီး အေးဆေးလုပ်နေတာ။ဒါပေမဲ့ သူ့အတွင်းရေးမှူးကတစ်ဆင့် ငွေကို တောက်လျှောက်တောင်းပြီး တစ်ပတ်အတွင်းမပေးရင် တရားစွဲမယ်ဆိုတဲ့အထိပဲ"
ESTÁS LEYENDO
ညို...(Completed)
Fantasía"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...