(Unicode)
"မောင့်! ပဂျွန်(ပုဇွန်)ခေါင်းကြီး သေချာခွာပေးနော် ချစ် လည်ပင်းထဲ နင်နေလိမ့်မယ်"
"နင်နေရင် လော်နဲ့ ကလော်ထုတ်လိုက်ပေါ့ အဲလေ လက်နဲ့လို့ပြောပါတယ်"
"မြတ်ဦးညို မင်းမိုက်ရိုင်းလှချည်လား"
"မိုက်ရိုင်းမှထွားကျိုင်းတာတဲ့ မင်းမကြားဖူးဘူးလား"
"အချစ်...ထားလိုက်စမ်းပါ လာမောင်သေချာ အခွံခွာထားတယ်ရော့"
"အင်းးးကောင်းလိုက်တာ မောင့်လက်လေးနဲ့ သေချာထိလို့ ဘာဖြစ်ဖြစ် စားလို့ကောင်းနေရေယ"
"စည်သူက သူ့လက်နဲ့ ချီးခွံ့ကျွေးရင်ကော ကောင်းတာပဲလား"
"အဲ့ချီးမင်းပဲစား"
"မင်းပဲ သူ့လက်နဲ့ထိလို့ ဘာဖြစ်ဖြစ်စားကောင်းတယ်ဆို"
"ဟင့်...မောင့် ဒီမှာ ချစ်ကိုပြောနေတယ်"
"သွား သွား ဟိုဘက်ကို မင်းဘဲကြီး မရှိတိုင်းသူများအတွဲကြားလာမနှောက်နဲ့"
"ဟွန့်...ကေကေလေး"
"ဘာလဲ ငါဒီမှာ ဓာတ်ပုံရိုက်နေတာ"
ကမ်းခြေတွင် ပန်းပွင့်တွေပါတဲ့ အရပ်ထက်ရှည်သော ဂါဝန်ကြီး တကားကားဖြင့် ဓာတ်ဖမ်းနေသည့် ကေကေ့သွားစချင်သော်လည်း နေပူထဲ အသားမဲခံပြီး မထွက်ချင်ပေ။ဒါကြောင့် နောက်တစ်တွဲဖြစ်တဲ့
"Nit"
"ဘာလဲ"
"ဟ..မင်းက ရင့်လှချည်လား ဘာဖြစ်နေတာတုန်း"
"ဟိုမှာလေ မတွေ့ဘူးလား"
Nitမေးငေါ့ပြတဲ့ နေရာကိုကြည့်တော့ ငါးကင်ရောင်းသည့် ကောင်မလေးတွေ ဓာတ်ကျနေ
သည့် ကိုပြည့်ကို တွေ့ရ၏။"အူတိုနေတယ်ဆိုပါတော့"
"အင်းးးး"
စချင်သော်လည်း Nitရဲ့ မျက်နှာကြောင့် စချင်
သည့်စိတ်ကို ချိုးနှိမ်ထားလိုက်သည်။"မင်းတကယ် စိတ်ဝင်စားနေတာလား"
"တကယ်ပေါ့ ဒို့တကယ် အနောင့်ကို ချစ်သွားတာ"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...