🍀Part-68🍀

31K 2.4K 96
                                    

(Unicode)

"မြူးလေးရေ ဖေဖေ့သား မြူးမြူးလေးရေ"

"ခစ်ခစ်...ပေ"

"ဟမ်...မြူးလေး အခု ဖေဖေ့ကို ခေါ်လိုက်တာလား ပြန် ပြန်ခေါ်ပါဦး"

"ပေ....ပေ...ခစ်ခစ်"

၁နှစ်နဲ့ ခြောက်လရှိသော မြူးလေးက လုံးလုံးတုတ်တုတ် ပါးဖောင်းဖောင်းကြီးနှင့် ချစ်စရာကြီးပင်။ဒါကြောင့် အိမ်မှာဆိုရင် မြူးလေးဆိုတဲ့ နာမည်အပြင် လုံးတုံးဆိုပြီး nicknameတစ်ခုတိုးလာခဲ့သည်။မွေးလာတုန်းကလို သေးသေးလေးမဟုတ်တော့သော်လည်း သားက ဖွံဖြိုးမှုနောက်ကျသည်။ပုံမှန်အားဖြင့် ကလေးတွေက  ၆လ ၈လ လောက်ဆိုရင် ဖေဖေမေမေကို မပီကလာ ပီကလာဖြင့် ခေါ်နေကြသော်လည်း မြူးလေးကတော့ အီး အား ဝူး ဝါးနှင့်သာ။ ဒီအတွက် သူတို့ စိုးရိမ်ပြီး ဆရာဝန်နှင့် တိုင်ပင်ခဲ့သည်။ဆရာဝန်က လမစေ့ပဲမွေးသော ကလေးများက ထိုသို့ ဖြစ်တာဟာ ပုံမှန်မလို့ စိုးရိမ်စရာမလိုကြောင်းနှင့် အချိန်တန်စကားပြောပါလိမ့်မည် ဆိုတာကြောင့် အညိုတို့ စိတ်ထဲ တစ်ဝက်တော့ သက်သာသွားခဲ့သည်။

အခုတော့ သားသားက အညို့ကို ဖေဖေလို့ ခေါ်နေပြီ။အညို သားရဲ့ ဖေဖေလို့ ခေါ်သံကြောင့် ဝမ်းသာအံ့သြလွန်းလို့ မျက်ရည်ပင်ကျမိသည်။

"အင့် သား ဖေဖေ့ကို ထပ်ခေါ်ပါဦး"

"ပေပေ...နို...နို.."

"အီးဟီးးဟီးးးကိုကိုရေ ကိုကို!!!!"

အောက်ထပ်တွင် ကုမ္ပဏီကိစ္စများ စည်သူတို့နှင့် ဆွေးနွေးနေတုန်း အပေါ်ထပ်က ညို့ငိုသံနဲ့ အော်သံကြောင့် ထူပူသွားပြီ အပြေးတက်မိသည်။စည်သူတို့ကလဲ နောက်ကလိုက်လာကြသည်။

အခန်းထဲဝင်ဝင်ခြင်း ရင်ခွင်ထဲပြေးဝင်လာကာ ရှိုက်ကြီးတငင်ငိုနေသော ညို့ကြောင့် မင်းဇေထက်ရန် ခြေမကိုင်မိလက်မကိုင်မိဖြစ်လာသည်။အမွေးပွခင်းထားသော ကြမ်းပြင်ပေါ်တွင်တော့ သားက ပြူးကြောင်ကြောင်နှင့် သူဘာမှမလုပ်သလိုကြည့်နေသည်။သေချာသည် ဒါဆိုရင် ထိုလုံးတုံး ညို့ကို တစ်ခုခုလုပ်လိုက်တာပဲနေမှာ။

"ညို...ဘာဖြစ်လို့လဲ...ဟင် ကိုကို့ကိုပြောပါဦး။လုံးတုံးက ညို့ကို ဘာလုပ်လို့လဲ၊ ညိုစိတ်မကောင်းဖြစ်အောင် တစ်ခုခုပြောလိုက်လို့လား။မဟုတ်သေးပါဘူး လုံးတုံးက စကားမှမပြောတက်တာ..ဒါဆို တစ်ခုခုနဲ့ ကောက်ပေါက်လို့လား ပြောပါဦးကွာ ကိုကိုရင်တွေပူလှပြီ"

ညို...(Completed)Where stories live. Discover now