(Unicode)
မြတ်နှင်းသက် လက်ထဲက ဖုန်းအား အချိန်အတော်ကြာကြည့်နေမိသည်။
💬အသက် ကျေးဇူးပြုပြီး မောင့်အကြောင်းကို အသက်တစ်ယောက်ထဲ သိထားပေးပါနော်။အသက် မောင့်ကို ရွံမုန်းနေပြီဆိုတာ မောင်သိပါတယ် အသက်ရယ်။ ဒါပေမဲ့ သံယောဇဥ်လေးတွေထောက်ပြီး မောင်ပြောတာလေးတော့ လိုက်လျောပေးပါနော်။မောင်ထွက်သွားတော့မယ် အသက်။မောင်မရှိတုန်း အသက် ပျော်အောင်နေနော်။မောင်အသက်အပေါ် ဖောက်ပြန်မိပေမဲ့ မောင်အသက်ကို တကယ်ချစ်တာပါ။မောင်ဝဋ်လည်တာပါ အသက်ရယ်။မောင်လုပ်ခဲ့တဲ့ အပြစ်အတွက် မောင်တော့ နောင်တတွေရနေပါပြီ အသက်ကို ချစ်တဲ့မောင်
ဖုန်းထဲက မောင်ပို့ထားသည့် စာအား ထပ်ခါထပ်ခါဖတ်ကာ မြတ်နှင်းသက် မျက်ရည်များကျလာသည်။
Ring~~ Ring
"Hello အန်တီသွယ်"
"သားဇွဲ အလုပ်ကိစ္စနဲ့ ခရီး တစ်နှစ်လောက်ထွက်ရမယ်ဆို ညည်းကောပါမှာလား"
"မပါဘူး အန်တီသွယ် မောင်ပဲ သွားရမှာ"
"ဒါဆိုလဲ သားမရှိတုန်း ညည်း နောက်တစ်ယောက်ရှာလိုက်အေ ဒါမှ သားပြန်လာရင် ညည်းကို မုန်းမေ့နိုင်မှာ။ရှင်းရှင်းပြောရရင်အေ ငါ့သားက အဖိုးတန် တစ်ဦးတည်းသား သူ့အတွက် မျိုးဆက်ဆိုတာ လိုသေးတယ်။ ညည်းက ကလေးမမွေးနိုင်တော့ဘူးဆိုတော့...အဟင်းး ငါပြောချင်တာ ညည်းနားလည်မှာပါ"
"အဟက် စိတ်ချပါ အန်တီ့မျိုးဆက်မပြတ်အောင် မောင်က ကြိုးစားမှာပါ။ဒီမှာ အန်တီ မြတ်ကလည်း သူ့လိုကောင်မျိုးကို ဆက်မပေါင်းနိုင်လို့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ပို့ပြီးသွားပြီ။ အန်တီ့သားကကို မြတ်ကို မထားသွားပါနဲ့ဆိုပြီး မြတ်ခြေရင်းမှာ ခယနေတာ"
"ညည်းဘာစကားပြောလိုက်တာ"
"ကြားတဲ့အတိုင်းပဲလေ မြတ်ဆီကို အန်တီတို့လဲ သေရေးရှင်ရေးကလွဲပြီး အကြောင်းကိစ္စအရေးမကြီးရင် ဖုန်းမဆက်ပါနဲ့"
ခပ်ပြတ်ပြတ်ပြောကာ ဖုန်းကိုချလိုက်၏။
ဒေါက်!ဒေါက်!
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...