🍀Part-53🍀

33.8K 3.1K 395
                                    

(Unicode)

"မောင်!"

အိမ်သို့ပြန်လာလာခြင်း အခန်းထဲမှာ Laptopကလည်း ကျကွဲနေကာ လူကလည်း ကြမ်းပြင်ပေါ်မှာ ငူငူငိုင်ငိုင်ကြီးထိုင်နေသည့် မောင့်ကြောင့် မြတ်နှင်းသက် စိုးရိမ်သွားသည်။

"အသက်ပြန်လာပြီလား...မေမေတို့ဆီသွားတာလား "

"အင်း မေမေက ခဏလာခဲ့ပါဦးဆိုလို့ သွားလိုက်တာ။ ဘယ်လိုဖြစ်တာလဲမောင်ရယ် ဘာကိစ္စတွေရှိလို့လဲ မြတ်ကိုပြောလေနော်"

"ဒီတိုင်း ထိုင်ရာကနေ ထလိုက်တော့ လူက မိုက်ခနဲဖြစ်ပြီးလဲကျသွားတာ မောင်ဘာမှမဖြစ်ဘူးနော် အသက်မစိုးရိမ်နဲ့"

"မဖြစ်သေးပါဘူးမောင်ရယ်..မောင်ခေါင်းတွေကိုက်တယ် မအီမသာဖြစ်နေတယ်ပြောတာကြာလှပြီ မြတ်တို့ ဆေးခန်းသွားပြကြမလားဟင်"

"ဟင့်အင်း ရတယ် ရတယ် မောင်အဆင်ပြေတာမလို့ မသွားတော့ဘူး"

"တကယ်ရလို့လား မောင်ရဲ့"

"အင်း ရပါတယ်"

အသက်ကို သူဘယ်လိုပြောရမလဲမသိပေ။အသက်သာ သိသွားရင် သူ့ကို ရွံ့သွားမလား။မုန်းသွားမလား။ဗိုက်ထဲက ကလေးကို ဖျက်ချခဲ့ရင်လဲ သူသေမှာက အသေအချာ။ဒါဆို ဒီဗိုက်ကို ဘယ်လိုလုပ်ရမလဲ။

အညို ဥက္ကာဇွဲနဲ့ သွားတွေ့ပြီး ပြန်လာတော့ ကိုကိုက ရုံးကတောင် ပြန်ရောက်နေ၏။ခြံထဲမှာ စာဖတ်နေသည့် ကိုကို့အနားကို တိတ်တိတ်လေးသွားကာ

"ဝါးးး"

ပြုံးရွှင်သော မျက်နှာနှင့် ကိုကိုကလှည့်ကြည့်တာကြောင့် အနည်းငယ်တော့ စိတ်တင်းသွားသည်။အညိုကခြောက်တဲ့ဟာကို ကိုကိုက မလန့်ဘူးလား။

"မလန့်ဘူးလား"

စူပုတ်ပုတ်မေးနေသော ကောင်ငယ်လေးဟာ ချစ်စရာအတိပင်။

"မလန့်ပါဘူး ညိုအဝေးမှာကတည်းက ကိုယ်က ညို့ကိုယ်သင်းနံ့မွှေးမွှေးလေးကိုရနေတဲ့ဟာ"

"ခင်များပဲ အပြောကောင်း"

"လာပါဦး ကိုယ်ဆီ"

လက်ကိုဆန့်တန်းကာ ခေါ်နေသော လူကြီးဆီသို့သွားလိုက်ပြီး ပေါင်ပေါ်ကို တက်ထိုင်ကာ လက်ကလည်း လူကြီး လည်ပင်းပေါ်သို့ တွယ်ချိတ်ထားသည်။

ညို...(Completed)Where stories live. Discover now