(Unicode)
Ring~~~~Ring
"အင့် ဟင့်"
"ကျွတ်စ် ကျွတ်စ် ကျွတ်စ် အိပ် အိပ်"
"အွန်းးးးး"
မြည်နေသည့်ဖုန်းကို ကိုင်လိုက်ပြီး ညည်းနေသော ညို့ကို မနိုးအောင် တင်ပါးလေးပုတ်ပြီး ပြန်ချော့သိပ်လိုက်သည်။ပြန်အိပ်သွားပြီဆိုမှ ဝန်ရံတာဘက်ကို ထွက်၍ ဖုန်းပြောရသည်။
"အစောကြီးပါ့လား ဘာထူးလို့လဲ သန့်ဇင်ဟိန်း"
"ထွန်းသူရ ဖုန်းဆက်တယ် ဆရာ"
"အင်း"
"ဥက္ကာဇွဲဗိုက်နာလို့ ဆေးရုံတင်ထားရတယ်တဲ့"
"ဗိုက်နာတယ်?မွေးဖို့လား"
"ဟုတ်တယ်ဆရာ ရေမွှာပေါက်သွားတယ်ပြောတယ်"
"၇လပဲရှိသေးတာမလား"
"ရေမွှာပေါက်သွားတာမလို့ ကလေးကို ချက်ချင်းခွဲမွေးရမယ်တဲ့။နောက်ကျသွားရင် ကလေးက်ို ဆုံးရှုံးရမယ်ဆိုလို့ ထွန်းသူရ အုပ်ထိန်းသူနေရာကနေပြီး ခွဲမွေးဖို့ လက်ခံလိုက်တယ်တဲ့။ ဥက္ကာဇွဲကတော့ သတိမေ့နေတုန်းတဲ့"
"အင်းးးငါ မနက်ကျရင် လေယာဥ်နဲ့လာခဲ့မယ်လို့ပြောလိုက် ဒီအကြောင်းကို ညိုမသိစေနဲ့ဦး"
"ဟုတ်ကဲ့ဆရာ"
ဥက္ကာဇွဲ ထိုင်းရောက်ကတည်းက အညိုက မသိအောင် ထောက်ပံ့ပေးထားသည်။ဒီကလေးရလာတာ သူ့ကြောင့်ဟုထင်ပြီး လုပ်ပေးနေပုံပင်။ဘယ်လောက်စိတ်ဓာတ်မာနေပြီဟု အညို့ပါးစပ်ကပြောနေသော်လည်း ဒီမိသားစုရယ် အတိတ်ကပတ်သက်ခဲ့သူရယ်အပေါ် မျက်ကွယ်ပြုမနေခဲ့ပါ။
အခန်းထဲပြန်ဝင်ကာ ကုတင်ဘေးက ထိုင်ခုံတွင်ထိုင်ရင်း ချစ်ရသူ အသည်းအသက်လေးအား မြတ်နိုးစွာကြည့်နေမိသည်။
Ring~~~~
ထပ်လာသော ဖုန်းသံကြောင့် ဝရံတာဘက် အမြန်ထွက်လိုက်သည်။
"အင်း"
"ဆရာ ဥက္ကာဇွဲအခြေအနေက အရေးပေါ်ဖြစ်နေတယ်တဲ့။ကလေးနဲ့ ဖခင် ဘယ်သူ့ကိုရွေးမလဲလို့ ဆရာဝန်တွေက ဆုံးဖြတ်ခိုင်းနေတယ်တဲ့။ ကျွန်တော်ဘယ်လိုပြောလိုက်ရမလဲ"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...