(Unicode)
အညို ကိုကို့ရဲ့ရှယ်ယာတစ်ချို့ပါသော barတွင် ဥက္ကာဇွဲနှင့် ချိန်းထားတာကြောင့် ချိန်းထားသည့်အချိန်ထက် စော၍ထွက်လာခဲ့သည်။ဒါကလဲ အချိန်လေးစားခြင်းမဟုတ် လူတစ်ယောက်နှင့် ထပ်တွေ့ရဦးမည် မလို့သာ။ပြီးတော့ စီစဥ်စရာအချို့လဲရှိသေးသည်။
ဥက္ကာဇွဲနှင့် ချိန်းထားသည့် အချိန်ကို ရောက်တော့ တွေ့နေသည့်သူကို မှာစရာရှိတာမှာခဲ့ကာ ဥက္ကာဇွဲနှင့် တွေ့မည့်အခန်းကို ထွက်လာခဲ့သည်။ဟိုရောက်တော့ ဥက္ကာဇွဲကရောက်နှင့်နေ၏။
"ရောက်တာကြာပြီလား ကိုဇွဲ"
"မကြာသေးပါဘူး Braunရှေ့လေးတင်ပဲ ရောက်တာ"
"ကိုယ်အဲ့ဒါကြောင့် တစ်ခါထဲ အခန်းဘိုကင်လုပ်ရင်း စားဖို့သောက်ဖို့မှာထားလိုက်တာ ကိုဇွဲကိုယ့်ထက်စောရောက်နေရင် အဆင်သင့်ဖြစ်နေအောင်လို့လေ"
"Braunကော ဘာစားမလဲ"
"ကိုယ်လား အင်းးးကိုယ် ကိုဇွဲနဲ့တူတူနည်းနည်းတော့ လိုက်သောက်ပေးမယ်လေ"
"ဒါဆို ကျွန်တော် အဖော်ရတာပေါ့"
"အွန်း သောက်လေ ဒီက အဖျော်ဆရာတွေက စပ်တာရှယ်ပဲ"
"အင်း ဟုတ်တယ် ကျွန်တော်လဲ ဒီကို တစ်ခါတစ်လေတော့ ရောက်ဖြစ်ပါတယ်"
စကားတပြောပြောနှင့် သောက်လာလိုက်တာ မသောက်တက်ဘူးဆိုသည့် မောင်က ဘယ်လိုမှမနေသေး သူကတော့ အတော်ပင် မူးနေလေပြီ။
"ပူလိုက်တာ"
အပေါ်ထပ်ကို ချွတ်လိုက်တာကြောင့် မြင်နေရ
သည့် T-shirt အဖြူမှာ ချွေးတွေနှင့်အသားကိုကပ်နေသည်။ဖြူဖြူဖွေးဖွေးရင်ဘက်နှင့်ပန်းရောင်ပွင့်ချက်လေးတွေကိုလည်းအတိုင်းသားမြင်နေရသည်။သူနဲ့ဆက်ဆံတိုင်း မျက်လုံးကိုပိတ်ထားခြင်း ခံရတာကြောင့် ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးခဲ့ပေ။အာခေါင်တွေ ခြောက်သလိုပင်ခံစားလာရသည်။သူ့အနေနဲ့ အသက်နဲ့လည်း မနေဖြစ်တာကြာတော့ ဒီလောက်လေး မြင်ရတာကို တော်တော်ဖြစ်နေသည်။စိတ်ကိုမနည်းတင်းထားရသည်။သူဟာ အိမ်ထောင်ရှင်ဖြစ်နေပြီမလား။
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...