(Uni) စိတ္တဇဖြစ်နေတဲ့လူတစ်ယောက်က . . . အချစ်ကို ဘယ်လိုများ ပုံဖော်နိုင်လိမ့်မလဲ??
ကြိုးစားပြီး ပုံဖော်ခဲ့ရင်တောင် အဲ့ဒီအချစ်ပုံရိပ်လေးက ခိုင်မြဲနိုင်ပါလိမ့်မလား??
ဒါပေမယ့် နှလုံးသားမှာ လူသားဆန်တဲ့စိတ်ရှိနေသေးသရွေ့ အချစ်ရဲ့ခံစားချက်တွေက မပျောက်မပျက်သေးပဲ ရှိနေဦးမှာပါ ။
ဟုတ်တယ်မဟုတ်လား . . ဟာလေစံ . .ဟာလေစံ . .
လှိုဏ်ခေါင်းသံကဲ့သို့ ပဲ့တင်ထပ်နေတဲ့အသံလှိုင်းတစ်ခုက ငြိမ်သက်နေတဲ့ သူ့အနားသို့ တိုးဝှေ့ချဉ်းကပ်လာသည်။ အသက်ငင်နေသည့်ကြားမှ စို့နစ်မှုများစွာနှင့် လှမ်းခေါ်နေသော မိန်းမတစ်ယောက်၏အသံကြောင့် ဆိုးရွားတဲ့အိပ်မက်ဆိုးတစ်ခုထဲသို့ သူ နစ်မြုပ်လုမတတ်ဖြစ်နေခဲ့သည်။
အမှောင်ထဲတွင် သူ့ကိုယ်လုံးကား ကြက်သီးများနှင့် စီခြယ်ထားပြီး လှုပ်ယဲ့ယဲ့ဖြစ်နေသောမျက်ခွံများကား ဖွင့်ဟလာနိုင်စွမ်း ကင်းမဲ့လွန်းသည်။
ဟာလေစံ . . .
ထိုမိန်းမ၏အသံကလည်း သူ့နားထဲမှာ ကျယ်လောင်လုနီးနီးရှိနေပြီမို့ ငိုရှိုက်သံနှင့်နာကျင်စွာငိုယိုနေတဲ့အသံပိုင်ရှင်ကို သူ မြင်ရဖို့ စိတ်အားထက်သန်လာမိသည်။
" ဘယ်သူလဲ? "
ဒါ့ကြောင့် အဆုံးမဲ့အမှောင်ကမ္ဘာထဲမှာ သူအော်ဟစ်မေးမြန်နေမိတော့ . . .
" ကျွန်မက ဒီမှာ "
ဇွတ် ဇွတ် ဇွတ် . . .
သူမအသံနှင့်ထပ်တူ အသားစိုင်တစ်ခုထဲသို့ အဆက်မပြတ် ဓါးထိုးသွင်းနေသည့် အသံကိုပါ သူကြားလာခဲ့ရသည်။ သူ့ခြေလှမ်းတွေလည်း ပို၍မြန်ဆန်လာပြီး ထိုအသံပိုင်ရှင်ကို လိုက်လံရှာမိသည်။
" ကယ်ပါ . . ကယ်ပေးပါ "
ထိုမိန်းမဟာ ဓါးနှင့်ထိုးနှက်ခြင်း ခံနေရမှန်း ရိပ်မိတော့ သူ အချိန်မီ ကယ်လို့ရလုရငြား ပြေးလွှားကာ လိုက်ရှာမိတော့ . . ကျည်သီးမီးကဲ့သို့ မီးရောင်မှိန်မှိန်လေးအောက်တွင် ပက်လက်လန်လဲကျနေသော ထိုအသံပိုင်ရှင်မိန်းမနှင့် သူ့အားကျောပေးကာ ထိုမိန်းမကို အဆက်မပြတ် ဓါးဖြင့် ထိုးစိုက်နေသော ယောကျာ်းတစ်ဦးကို ပူးတွဲတွေ့လိုက်ရလေသည်။
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...