Episode 2 - တောင်အာရှဆီမှ နှလုံးခုန်သံ

87 5 0
                                    

"ဘယ်အချိန်တုန်းကမှ ဘာဖြစ်ချင်လဲ ဘာလုပ်ပေးရမလဲလို့ မမေးခဲ့သော လူသား ၂ ယောက်ရဲ့ အမိန့်သံ ဆန်ဆန် စကားလုံးတွေအောက်မှာ ဘဝတစ်ခုလုံးကို အလဲအထပ်လုပ်ရလောက်တဲ့ အထိတော့ သတ္တိမကြောင်ပါ "

******************

ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ မိုးတွေကလည်း ဆက်တိုက်ရွာ​နေသည်။ ဒီနေ့ အောင်စာရင်းတွေ ထွက်မည့်နေ့ သူငယ်ချင်း တွေကတော့ ညဘက် အိပ်ရေးပျက်ခံပြီး သွားကြည့်ကြသော်လည်း အောင်စာရင်းရလာဒ်ကို မှန်းရင် လွဲခဲသော ကိုယ်က အထူးအထွေ စိတ်လှုပ်ရှားမနေတာမို့ မနက် ၈နာရီလောက်မှပဲ အောင်စာရင်း
ကြည့်ဖို့ ထွက်လာခဲ့သည်။ကိုးတန်းအထိ ​မှန်းရင် မှန်းတဲ့အတိုင်း ရခဲ့သော်လည်း ဒီတစ်ခါတော့ သွေးပျက်ဖွယ် ကောင်းလောက်အောင် တုန်လှုပ်မိသည်။ ဂုဏ်ထူးလေးဘာသာ တော့ သေချာပေါက် ပါမည်ဟု ယုံကြည်နေခဲ့သမျှ သင်ပုန်းပေါ်မှာ ကပ်ထားသော
ကိုယ့်နာမည်နဲ့ ရလာဒ်ကို မယုံကြည်နိုင်စွာ အကြိမ်ကြိမ်အခါခါ ကြည့်နေမိသည်။ ရှေ့၃ဘာသာ ပြုတ်ကျန်ခဲ့ပြီး တစ်ဘာသာပဲ ပါလာသည်။ အိမ်နဲ့ ပြဿနာ တက်ပြီး စိတ်ဓာတ်တွေ အကြီးအကျယ်ကျနေသော အချို့ရက်တွေ ကျောင်းပြေးခဲ့သော်လည်း အိပ်ချိန်နဲ့ စားချိန်ကလွဲရင် စာမှစာ လုပ်ခဲ့သော ကိုယ်၊ စာမေးပွဲ မှာလည်းမဖြေနိုင်တဲ့မေးခွန်းဆိုတာ မရှိခဲ့ ။ ဘာကမှားလဲ ဘယ်နေရာက စမှားသွားတယ်ဆိုတာလည်း စဥ်းစားလို့ မရ ။အလဲလဲ အပြိုပြိုဖြစ်နေသော ခြေလှမ်းတွေနဲ့ ပင်ပန်းခြင်းကြီးစွာ အိမ်သို့ပြန်လာရသည်။ တောက်လျှောက်ဝင်နေသော ဖုန်းတွေကို ဖြေရတာလည်း တော်တော်ပင်ပန်းနေပြီ။ သူငယ်ချင်း အချို့ကတော့ ဂုဏ်ထူးမှတ်ကပ်ပြုတ်တာ နေမှာပါဟု
နှစ်သိမ့်ကြသော်လည်း ဂုဏ်ထူးတစ်ဘာသာဆိုသော
ရလာဒ်က ပြောင်းလဲမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။

ငိုသည် ငိုပြီးရင်းငိုသည်။ အခုချိန်လာမေးရင်တောင် အလွတ်မှတ်မိနေမည့် စာတွေကို ဂုဏ်ထူးမရခဲ့ခြင်းအပေါ် ယူကြုံး မရဖြစ်သည်။ တစ်နေကုန် အခန်းအောင်းပြီး ငိုသည် အစားစားချင်စိတ် မရှိသလို ဘယ်သူနဲ့မှလဲမတွေ့ချင် ဒီချိန်မှာတော့ မျက်ရည်တွေ မကျန်ခဲ့တော့လောက်အောင် ငိုကြွေးလိုက်ချင်ပါသည်။

တောင်အာရှဆီမှ နှလုံးခုန်သံWo Geschichten leben. Entdecke jetzt