"တောင်ပတ်လည်ဝိုင်းနေတာမို့ ကန်ကြီးက အရိပ်အာဝါသကောင်းလှသလို ကန်အစပ်နား ရောက်တာနဲ့ လက်ဆတ်တဲ့လေတွေက မျက်နှာကို လာရိုက်ခတ်၏။ လှေရောင်စုံတွေကလည်း ကန်ကြီးရဲ့ အလှကို ထပ်ဖြည့်ပေးနေသယောင်။ "
********************
ကျောင်းရောက်တာ တစ်ပတ်တောင် မပြည့်သေးခင်ပဲ "မ" နဲ့ ခွဲရဦးမည် ။ ဒီမလာခင်ကတော့ တူတူသွားဖို့
စိတ်ကူးယဥ်ခဲ့တဲ့ ခရီးတွေလည်း အခုတော့ သူစာမေးပွဲရှိတာမို့ ပျက်သုဥ်းကုန်ပြီ ။ ပျော်တာတောင် အပြည့်အဝ
မပျော်နိုင်ပါလားနော်။ဒီမနက် ကျောင်းကို ဘုရား လာရှိခိုးတဲ့ကလေးမလေးတွေထဲက တစ်ယောက်က ကိုယ့်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဆရာကြီး ဆီတစ်ခုခုပြောနေတာမို့ ကိုယ်လည်း သူ့ကို
ကြည့်နေမိသည်။ သူ့စကားဆုံးတော့ ဆရာကြီးက ယွန်းဆီလျှောက်လာပြီး" ဒီကလေးက အဲ့မမကို ပြောပေးပါ အဲ့မမ နဲ့အတူ အပေါ်တက်ချင်လို့တဲ့" ဆိုပြီး ပြောလာ၏။
ဒီကလေးနှယ် ကိုယ့်လက်ကို လာဆွဲပြီး ခေါ်ရင်လည်း လိုက်မှာပါ ဆရာကြီးကနေ တစ်ဆင့်ပြောခိုင်းနေသေးသည် ။
သူ့ဆီလျှောက်သွားပြီး သူ့လက်ကိုဆွဲကာ တူတူ တက်လာခဲ့လိုက်သည်။လမ်းတစ်လျှောက်လုံးလဲ လှေကားတောင်
ကြည့်ရဲ့လား မသိ ကိုယ့်ကိုပဲ မော့ကြည့်နေတာကြောင့်
လှေကားကိုသေချာကြည့်ဖို့ သတိပေးရသေးသည်။ခေါင်မိုးပေါ် ရောက်တော့ သူ့ဆီ ပါလာတဲ့ မုန့်တွေ ကိုယ့်ကို ခွံ့ ကျွေး၏။ ဘာမုန့်တွေမှန်းတော့မသိ သူက ကိုယ်ဝါးနေတာကို သေချာကြည့်ရင်း ဝါးလို့ ကုန်တော့မည် ဆိုတာနဲ့ နောက်တစ်ခု ထပ်ထည့်သည် မုန့်ကို မကြိုက်သော်လည်း ကလေး ကျွေးတာဆိုတော့ မငြင်းရက်ပါ ။ ခေါင်မိုးပေါ်
လျှောက်ပတ်ကြည့်ကြရင်း ယွန်းကိုရယ်ပြ ပြုံးပြတာလဲ အကြိမ်ကြိမ် အခါခါ။ စကားပြောချင်ပုံလည်း ပေါက်သည် ဒါပေမယ့် သူက English လို မပြောတက်တော့ ခရီးရောက်မည် မဟုတ် အဲ့ဒါကြောင့် အကြိမ်ကြိမ် အခါခါ ပြုံးပြနေပုံရသည်။ကလေးလေးရေ မမ က မင်း ခွံ့ ကျွေးတာ စားချင်တာ မဟုတ်ဘူးကွဲ့ ၊ "မ" သာ ဒီလို ခွံ့ကျွေးရင် ဘယ်လောက်ကောင်းလိုက်မလဲနော် ။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်