Episode 30 - တောင်အာရှဆီမှ နှလုံးခုန်သံ

69 5 1
                                    

"အချိန် ၄နာရီနီးပါးလောက် "မ" နဲ့ ၂ ယောက်တည်း ကုန်ဆုံးလိုက်ရတဲ့ အတွက်ကြည်နူးလို့မဆုံး နေ့ရက်တိုင်းသာ ဒီလို ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော် "

**********************

မနက် ၅နာရီလောက် ကျတော့ " မ" ထသွားတာ သိပေမယ့်မျက်လုံး မဖွင့်နိုင်သေး ဘုရားဝတ်ပြုဖို့ သွားတာဖြစ်မည် ၃နာရီလောက်မှ အိပ်တာမို့လို့ ဆက်အိပ်ဖို့ပဲကြိုးစာရင်း မျက်လုံးတို့ကို ပြန်မှိတ်လိုက်သည်။ အိပ်​ပျော်တော့မလိုဖြစ်စဥ်မှာပဲ ​​ သူ ပြန်ဝင်လာပြီး အခန်းမီး ဖွ့င်လိုက်တာသိသည်။ ဒါပေမယ့် ဖွင့်မကြည့်ဖြစ် ကိုယ် အိပ်နေသေးတာမို့ မနှိုးတော့ဘဲ ဓာတ်ဗူး ယူပြီးပြန်ထွက်သွား၏။
နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားလိုက်တာ မနက်၉နာရီမှပဲ နိုးတော့သည် ။ နိုးနေသော်လည်း မထချင်သေး ဆက်မှိန်းနေမိသည်။

၁၅မိနစ်လောက်ကြာတော့ "မ" အခန်းထဲ ရောက်လာပြီး

" ကလေး နိုးပြီလား ထတော့ သွားတိုက် မျက်နှာသစ် ဟိုမှာ ဆရာလေး သွားပွတ်တံနဲ့ သွားတိုက်ဆေး အဆင်သင့် ထုတ်ပေးထားတယ် "

ကိုယ်ထသွားတော့ သူက အိပ်ရာတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်နေသည်။ မျက်နှာသစ် သွားတိုက်ပြီးတော့ ကုတင်ပေါ်ပြန်လာထိုင်ပြီး Messenger ကို
ဖွင့်ကြည့်လိုက်သည်။ ကလေးတွေက ရန်ကုန်ပြန်ရောက်ပြီ ဆိုတဲ့ အကြောင်း စာပို့ထားတာ တွေ့တော့မှပဲ စိတ်ဒုံးဒုံး ချနိုင်တော့သည် ။

ကလေးတွေဆီက စာကို ဖတ်နေစဥ်မှာပဲ

" အိပ်ရေးဝရဲ့လား မနက်စာလွတ်သွားတော့ နေ့လည်စာကို အများကြီး စားရမယ်နော် " တဲ့

" တင်ပါ့ဘုရား တပည့်တော် ဘာလုပ်ပေးရဦးမလဲ "

" ဘာမှမလုပ်ပေးနဲ့တော့ ဆရာလေး အကုန်ချက်ပြီးသွားပြီ လာတူတူစားကြရအောင် " လို့ပြောပြီး ယွန်းလက်ကိုဆွဲပြီး ဆွမ်းစားဆောင် ခေါ်သွားသည်။

ဆွမ်းစားဆောင် ရောက်မှပဲ ကျန်တဲ့ဆရာလေး တစ်ပါးကို မြင်ဖူးတော့သည်။ သူတို့စားသည့် ဆန်က ဆန်လုံးကြီးတော့ ထမင်းလုံးတွေလည်း ကြီးသည် အစားကို အမြန်စားရင် အစာမကြေ ဖြစ်တက်တာမို့ ဖြေးဖြေးချင်း ဝါးစားနေတာကိုကြည့်ပြီး

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now