"ကိုယ့်ကို အားနာလို့ ဘာမှမလိုဘူးလို့ ပြောခြင်းမဟုတ် ဒါယိကာ ဒါယိကာမ တွေကိုလည်း ဘာလိုပါတယ်ဆိုပြီး ပါးစပ်ကနေ ဘယ်တော့မှ ဖွင့်ဟပြောလေ့ မရှိ "မ" ဆိုတာ အဲ့လို ဆရာလေးပါ။ "
******************
သူ စာမေးပွဲ ဖြေနေတုန်းမို့လို့ ဖုန်းမဆက်ဖြစ်ပါ စာမေးပွဲ နောက်ဆုံးနေ့မှပဲ ဖုန်းခေါ်ဖို့ စဉ်းစားထား၏။ "မ" တစ်ယောက် ကောင်းကောင်းဖြေနိုင်မှာပါ သူက ကိုယ့်လိုပဲ အလုပ်ကို ကြိုကြိုတင်တင်လုပ်တက်တဲ့သူလေ။
February ၆ ရက် "မ" စာမေးပွဲ နောက်ဆုံးနေ့ အသိ အစ်မ တစ်ယောက်ကို ပစ္စည်း တစ်ခုပေးဖို့ ရှိတာနဲ့ မြို့ထဲကိုထွက်လာခဲ့သည်။ သူ့အိမ်ရောက်တော့ အဲ့အစ်မက ထမင်းခူးကျွေး၏။ ထမင်းစားနေရင်း နာရီ ကြည့်လိုက်တော့ ၁၁ ခွဲလုပြီ ဒီအချိန် ဆိုရင်တော့ "မ" စာမေးပွဲ ပြီးလောက်
ပေမယ့် ကျောင်းတော့ ရောက်ဦးမည် မဟုတ် အဲ့ဒါ
ကြောင့် နောက်တစ်နာရီလောက်မှ ဖုန်းခေါ်ဖို့ စဉ်းစားရင်း ပန်းကန်တွေကူဆေးပေး ပြီး အဲ့အစ်မနဲ့ စကားဆက်ပြောကြသည်။၁၂ ခွဲလောက်ဖုန်းခေါ်လိုက်တော့ ဖုန်းက တန်းဝင်သွား၏။
မြန်မာပြည် ပြန်ရောက်ပြီး ယွန်းဘက်မှ ပထမဆုံး ဖုန်းခေါ်ခြင်း ပြီးတော့ လွတ်လွတ်လပ်လပ် စကားတွေ အကြာကြီး ပြောလို့ရမယ့် အချိန်ဆိုတော့ ပြောမယ့် စကားတွေ အများကြီး စဉ်းစားထားသည်။" ဆရာလေး ကျောင်းရောက်ပြီလား "
" ရောက်ပြီကလေး "
" ဆွမ်းရော ဘယ်မှာစားလဲ "
" ဒီနေ့တော့ ကျောင်းမှာပဲ စားလိုက်တယ်"
"ဟာအဲ့ဒါဆို ရောက်တာကြာပြီပေါ့ တပည့်တော်က ဆရာလေး ဖြေတဲ့နေရာမှာပဲ စားမယ်ထင်လို့ အခုမှဆက်တာ ဒီလို မှန်းသိစောစော ခေါ်ပါတယ် ၊ ဒီနေ့လေ မနက်အစောကြီး ထပြီး ဘုရားမှာ ရေချမ်းကပ် ဆီမီးပူဇော်ပြီး ဆရာလေးအတွက် ဆုတောင်းပေးနေခဲ့တာ"
"ဟုတ်လား ကျေးဇူးတင်ပါတယ် ညီမလေး အဲ့ဒါ ကြောင့်ထင်တယ် ဒီနေ့ အများကြီး ပိုဖြေနိုင်တယ် တစ်ခြားနေ့တွေထက် "
"မ" ပြောသည့် ကျေးဇူး ဆိုသော စကားက သူများတွေလို ဝတ်ကျေတန်းကျေ ပြောခြင်းမျိုးမဟုတ် တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောခြင်း
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်