Episode 29 - တောင်အာရှဆီမှ နှလုံးခုန်သံ

75 5 0
                                    

"မျက်စိမှိတ် ပြီး လျှာထုတ်ပြနေသည့် Emoji သော့ချိတ်လေးကို စာအုပ်တွေ ထည့်ထားသော မှန်ဗီရိုမှာ ချိတ်ထားပြီး ပစ်တိုင်းထောင်လေးကို လည်း မှန်ဗီရိုရဲ့ အပေါ်ဆုံးထပ်မှာ ထည့်ထား၏။"

***************

ကလေးတွေက အပြင်က ပြန်လာတော့ ချော့ကလက် ဝယ်ပြီး လာပေးသည်။ယွန်းက
မုန့်ထုပ်ကြီးကို ကိုင်မြှောက် ပြလိုက်တော့
မြောက်ဥက္ကလာ ကျောင်းက ကလေးတစ်ယောက်က

" ကျွန်တော်တို့ စုပြီး တစ်မြို့လုံးကို မြင်ရတဲ့နေရာကို သွားကြတာ အစ်မသာ ပါရင် ပိုပျော်ဖို့ကောင်းမှာ "တဲ့

သူ့ကို အညင်သာဆုံး ပြန်ပြုံးပြလိုက်ရင်း

" ဆရာလေးကလည်း မောင်လေးတို့ အစ်မနဲ့တူတူ ကျောင်းလိုက်လာမယ် ထင်နေတာ ဒီမှာ မုန့်တွေ အများကြီးထည့်ပေးလိုက်တယ် မောင်လေးတို့အတွက်"

" ကျွန်တော့ ချော့ကလက် အရင်စားလိုက်ဦး အစ်မ ဘာမှ မစားရသေးဘူး မဟုတ်လား "

" အစ်မ ကျောင်းမှာ စားခဲ့ပြီ မောင်လေးတို့ရော
နေ့လည်စာ စားပြီးပြီလား "

" ကျွန်တော်တို့ နေ့လည်စာလွတ်သွားတယ်၊ အစ်မထွက်ပြီး သိပ်မကြာခင် သွားကြတာလေ"

" အဲ့ဒါ ဆို ပေါင်မုန့်စားလိုက် သူတို့ကိုပါ ခေါ်ကျွေး
လိုက်ဦး " ဆိုပြီး မြန်မာအဖွဲ့က တစ်ခြားကလေးတွေကို ခေါ်ခိုင်းလိုက်သည်။

သူတို့ပေါင်မုန့် စားပြီး မကြာခင်မှာပဲ Final Round စသည်

Final ကို Bangaldesh , India နဲ့ "မ" တို့ နိုင်ငံက ကလေးတွေ တက်သွားကြ၏။ပြိုင်ပွဲကတော့ အကြိတ်အနယ်ပင် ကလေးတွေက ထက်သလို သွက်လည်းသွက်သည်။

Winner က Bangladesh , India က ဒုတိယ , "မ" တို့နိုင်ငံ က တတိယ ရသည်။ ၃ နိုင်ငံလုံးက ကလေးတွေအတွက် ပျော်ပါသည်။

ပြိုင်ပွဲ ပြီးတော့ Bangladesh က ကလေးတွေ အတွက် မီးရှုးမီးပန်းတွေဖောက်ပြီး ဂုဏ်ပြုကြ ၊ နိုင်ငံအလိုက် အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြနဲ့ဆိုတော့ ည၉နာရီထိုးလောက် မှပဲ Hotel ပြန်ရောက်ကြ၏။

xxxxxxxxxxxxxxxxx
နောက်တစ်နေ့ နိုင်ငံရဲ့ Tourist Attraction မြို့တော်ကို လေ့လာရေး ခရီး ပို့ပေးသည် ။
ကိုယ့်ရဲ့ ကလေးတွေလည်း တစ်ခြားနိုင်ငံက အဖွဲ့ဝင်တွေနဲ့ တော်တော်လေး ရင်းနှီးနေပြီမို့လို့ သူတို့ကို ကြည့်စရာ မလိုတော့ပါ ဥာဏ်စမ်းပြိုင်ပွဲ ရဲ့ Organizer တွေထဲက တစ်ယောက်ဖြစ်တဲ့ ကောင်လေးက ကားပေါ်ရောက်တော့ ယွန်းဘေးမှာ ထိုင်ပြီး စကားလာပြော၏။ကောင်လေးတစ်ယောက် ကိုယ့်ဘေးမှာလာထိုင်တာ တကယ်ကို အဆင်မပြေ သော်လည်း လဲစရာ လူလည်း မရှိတာမို့ သည်းခံလိုက်ရသည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now