"လမ်းအတူတွဲလျှောက်ရင်း ဆရာလေးလက်တွေကိုင်ကြည့်တော့ အေးစက်နေ၏ မိမိလက်ဖဝါးတွေက အဖျားရှိန်နဲ့ နွေးနေသည်မို့ လက်နှစ်ဖက်နဲ့ သေချာဆုပ်ကိုင်ပြီး အနွေးဓာတ်ပေးမိသည်"
*********************
အန်တီ့ဆီမှာ နေရတာ သူတစ်ယောက်တည်းမို့ လွတ်လပ်ပေမယ့် ဒီအိမ်ရဲ့ စည်းမျဥ်းတွေနဲ့ ကိုယ်အသားမကျပါ။ ဦးလေးကတော့ လိုလေသေးမရှိဂရုစိုက်ပါသည် ဒါပေမယ့်လဲ မနေချင်တော့ မဟာယန ကျောင်းကို သွားဖို့ကလည်း ဆရာလေးက ကျောင်းပြန်မရောက်သေး။ တစ်နေကုန် မဟာယနဘက်က ဆရာလေးတွေနဲ့ Chatting လုပ်ရင်း အချိန်ကုန်ဆုံးနေရသည် တစ်ယောက်ယောက်နဲ့ အချိတ်အဆက်ရလိုရငြား သူတို့က English လို သိပ်မပြောတက်သည့်အတွက် ဆိုလိုရင်းကို သေချာမေးလို့မရ။ ဖျားလည်းဖျားနေသည့် အတွက်မျက်လုံးတွေ ပူပြီး တစ်ကိုယ်လုံး ညောင်းကိုက်နေသည်။
ကိုယ်ဒီရောက်ပြီဆို သိကတည်းက မဟာယနဘက်က ဆရာလေးတွေကတော့ ဖုန်းခေါ်လာပြီး တွေ့ချင်ကြောင်းပြောကြသည်။ English မရလို့ စကားပြောရတာ သိပ်အဆင်မပြေပေမယ့် Key Words တွေဖမ်းပြီး နားလည်အောင်ကြိုးစားရပါသည်။ အာရပ် Region မှာတည်းက ဆက်သွယ်ခဲ့သော ဆရာလေး မဟုတ်ပဲ တစ်ခြားဆရာလေးတစ်ပါးက တွေ့ချင်သည် ပြောထားသောကြောင့် သူငယ်ချင်းကောင်လေးကို နေတဲ့နေရာ လာကြိုခိုင်းထားသည်။ သူလာမှ သူနဲ့အတူ ချိန်းထားတဲ့နေရာ သွားကြမည် မဟာယနဘက်ကို လေ့လာချင်သည်လို့ ပြောထားသောဘုန်းကြီးတစ်ပါးလဲ ချိန်းထားတဲ့နေရာ အနီးနားမှာပဲ နေတာမို့ ဘုရားရောက်ရင် ဘုန်းကြီးကိုလဲ ဖုန်းခေါ်ရဦးမည်။
နေ့လည် ၁နာရီလောက်ကျတော့ သူငယ်ချင်းကိုယ့်ကို လာကြိုသည် သူ့မှာ ဆိုင်ကယ်ရှိလို့တော်သေးသည်။ ဘုရားက ဝေးတာမို့ တော်တော်လေး မောင်းလိုက်ရ၏။ ဒီဘုရားက ဒီမြို့မှာတော့ အကြီးဆုံးပင်။ သူငယ်ချင်းနဲ့ ကိုယ်လည်း မတွေ့ရတာ ၄နှစ်တောင် ရှိပြီလေ သူ့မှာ ကိုယ့်ကို မေးချင်နေတဲ့ မေးခွန်းတွေ အများသား ဆိုင်ကယ်သံ တဝီဝီကြား သူကြားအောင် အော်ပြောရတာလဲ မလွယ်လှပါ နေက သိပ်မကောင်းချင်ဘူးလေ။ ဒီကောင်လေးက ကိုယ့်ထက်သုံးနှစ်လောက်ငယ်သည် ရောက်တဲ့နေ့က ဖုန်းခေါ်ဖြစ်တဲ့ ကောင်လေးနဲ့ အသက်တူတူပင်။ Law Major Final တက်နေ၏။
BẠN ĐANG ĐỌC
တောင်အာရှဆီမှ နှလုံးခုန်သံ
Phi Hư Cấuအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်