Episode 36 - တောင်အာရှဆီမှ နှလုံးခုန်သံ

53 5 2
                                    

"မ" ရေ အခုရော "မ" တစ်ခုခုဖြစ်ရင် ဘယ်သူ ဘေးနားမှာရှိပေးဦးမှာလဲ ပျော်ရွှင်မှုတွေကို တူတူ မျှဝေပြီး "မ" ရဲ့ အဆိုးရွား ဆုံးအချိန်တွေမှာ အတူရှိပြီး အားဖြစ်ပေးခဲ့ချင်​​ရုံလေးပါ။"

******************

Block လုပ်သွားတာသိတော့ တော်တော် တုန်လှုပ်သွားသည် ယွန်းရဲ့ ညီမလေး သူ့ကိုချစ်တယ်လို့ ပြောတုန်းကလည်း သူ Block လုပ်ဖူးသည် ဒါပေမဲ့ ကိုယ့်ကိုတော့ ဒီလောက်ထိ လုပ်မည် မဟုတ်ဟု တထစ်ချ ယုံကြည်ခဲ့မိသည်။

Block လုပ်တာ စသိသိချင်းတုန်းကတော့ ဝမ်းနည်းစိတ်ထက် ခံပြင်းတာက ပိုသည်။ သူတောင်နေနိုင်ရင် ကိုယ်လည်း နေနိုင်ရမှာပေါ့လို့ တင်းခံပြီး သူနဲ့ပြောထားသမျှ Conversation အကုန် ဖျက်ပစ် ဖုန်းလည်း မခေါ်၊
သူ့အကြောင်းမတွေးမိအောင် ကြိုးစားပြီး နေသည်။

တကယ့် တကယ်ကြတော့ တစ်လပြည့်အောင်တောင် တောင့်မခံနိုင်ပါ သူနဲ့ စကားပြန်ပြောချင်လာသည် ။ Block လုပ်တဲ့ အကြောင်းအရင်းကိုလည်း သိချင်လာသည် ချစ်တယ်ပြောလို့ စိတ်ဆိုးသွားတာဆိုရင် သူစိတ်ကျေနပ်တဲ့အထိ တောင်းပန်ပြီး ချော့ချင်သည် ။

သူ့ဖုန်းကို တိုက်ရိုက်ခေါ်တိုင်း တစ်ခေါက်မှမကိုင် အကြိမ်တိုင်း ချပစ်သည် ။ တစ်ရက်သူ့ဘက်ကနေ ယွန်းကိုဖုန်းခေါ်လာ၏။ အလုပ်ထဲမှာမို့လို့ မသိလိုက် သူ့သူငယ်ချင်း
ကနေတစ်ဆင့် အလုပ်ထဲမှာမို့လို့ သူခေါ်တာ မသိလိုက်ကြောင်း ယွန်းခေါ်တဲ့အခါ ဖုန်းကိုင်ပေးဖို့ အတွက်ပြောသော်လည်း သူ့ သူငယ်ချင်းက စာကိုဖွင့်မဖတ်။

သူတို့မှ မဟုတ် ဆရာကြီး တို့လည်း ယွန်းကို စာမပြန်ကြတော့ပါ။ အဲ့တော့မှ အခြေအနေ ကို နားလည်တော့သည် "မ" သူတို့ကိုပါ ပြောပြီးသွားပြီဆိုတာ။ သူတို့ဒီလို ဆက်ဆံသည့် အတွက် ဘယ်လိုမှ မခံစားရ အစတည်းက "မ" နဲ့ ပတ်သတ်လို့သာ ကိုယ်သိခွင့်ရခဲ့တဲ့ သူတွေ မဟုတ်လား။

ယွန်းမခံစားနိုင်တာ "မ" "မ" "မ" ရယ်ပါ "မ" ဆီက ဥပေက္ခာပြုမှုတွေကိုတော့ မခံစားနိုင် ။ အကြိမ်ကြိမ် အခါခါ တောင်းပန်စာ တွေပို့သည် အကြောင်းပြန်စာ မလာပါ။ ဖုန်းတွေခေါ်တိုင်းလည်း တစ်ခေါက်မှ မကိုင် နောက်ဆုံး Whatsapp ကနေ Message တစ်စောင်ပို့လာသည်

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now