" ဖြစ်နိုင်ရင် နင့်ကိုထွေးပွေ့ထားချင်တာ သိလား နင့်လိုမျိုး အသေးစိတ်လေးတွေ ဂရုတစိုက်နဲ့ မလုပ်ပေးတက်ပေမယ့် နင့်ကို ချစ်တဲ့ ငါတစ်ယောက်လုံး ရှိသေးတယ်ဆိုတာ မမေ့လိုက်နဲ့နော် "
********************
လူမရှိသော အခန်းက တိတ်ဆိတ်ခြောက်ကပ်နေသည်၊ ဒီနိုင်ငံက လူတွေက မြန်မြန်ဆန်ဆန် ကြီးကောင်ဝင်ကြသည် ကိုယ့်အရွယ်လောက်ဆိုရင်ကို ရည်းစားနဲ့ လျှောက်သွား လည်ပတ်စားသောက်တာအပြင် ဘာဆိုဘာမှ သိပ်စိတ်မဝင်စားကြ Tunisia က ကောင်မလေး တစ်ယောက်တော့ ဘာလုပ်လုပ် ဘယ်သွားသွား အဖော်ညှိလို့ ရပေမယ့် အခုတော့ သူလည်း တစ်ခြား Company ပြောင်းသွားပြီမို့ တကယ့်ကို တစ်ယောက်တည်း၊ အားလုံးကို အဆက်သွယ် ဖြတ်ထားတာမို့ နေ့စဉ်ရက်ဆက် သူမအကြောင်း အတွေးတို့နဲ့ ကျော်ဖြတ်နေရသည်။
မျက်လုံး နှစ်လုံး ပွင့်နေစဉ် အချိန်အတွင်းမှာပဲ နေရာယူထားသည် မဟုတ် ၊ အိပ်မက်တွေလည်း ခဏ ခဏ မက်သည် ။ အိပ်မက်ကတော့ ပြောင်းပြန် ကိုယ်စိတ်ဆိုးလို့ သူပြန်လိုက်ချော့နေသည့် အကြောင်းတွေချည်း
ဘာပဲဖြစ်ဖြစ် အိပ်မက်ကနိုးလာရင်လည်း မောနေသည်သာ။ စိတ်ပြေလက်ပျောက် Guitar တီးဖို့ကြိုးစားသည် မအောင်မြင်ပါ ၊ ဘာဆိုဘာမှ လေ့လာနိုင်စွမ်း မရှိတော့ အာရုံစူးစိုက်နိုင်စွမ်းတွေ တော်တော်ကျနေသည် ရုပ်ရှင်တစ်ကားတောင် ပြီးအောင် မကြည့်နိုင် မြင်မြင်သမျှ share လိုက်တဲ့ status တွေက သူမနဲ့ ပတ်သတ်တဲ့ ခံစားချက်တွေချည်းမို့ သီရိ ဘက်က ဖုန်းခေါ်လာ၏။ ကိုယ်အဆက်သွယ် ဖြတ်ပြီး နောက်ပိုင်း ပထမဆုံး စကားပြောဖြစ်ခြင်း။သီရိ - " Sanju တော်ပြီလေ နင့်မမ ကို သတိရနေတာလား"( Sanjana ကို အဖျားဆွတ်ပြီး ချစ်စနိုးနဲ့ Sanju လို့ ခေါ်လေ့ရှိသည် )
ယွန်း - " သူ့ကို သတိရနေလား ဆိုတာကတော့ မေးစရာ မလိုတဲ့ မေးခွန်းလို့ပဲ ထင်တယ်"
သီရိ - " ဒါပေမယ့်လည်း နင်ထိန်းမှပေါ့ဟ အရမ်း Feel မနေနဲ့ စိတ်ရော ကိုယ်ပါ ကျသွားလိမ့်မယ်"
ယွန်း- " နဂိုတည်းက ကျနေပြီးသား ဘယ်လို ပြန်ဆွဲတင်တင်မရတော့ဘူး "
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်