" မတွေ့ခဲ့ရတာ စကားမပြောခဲ့ရတာ ၂နှစ်ရှိခဲ့ပြီ ဖြစ်သော်လည်း အခုကျတော့လည်း အရာအားလုံးက အရင်လို ပြန်ဖြစ်သွားသလိုပင် ။ ဒီအမျိုးသမီးနဲ့ ပြန်တွေ့တာနဲ့ အရာအားလုံးက အသားကျသွားသလိုမျိုး "
************
စာသင်ပေးရမယ့် ကလေးတွေအိမ်ကို ထွက်လာခဲ့သော်လည်း ဘယ်တော့မှ ဟန်တစ်ခွဲသားနဲ့ မနေတက်တဲ့ ယွန်းရဲ့ ပုံစံအတိုင်း Sport Shirt ရယ် Jean Pants တစ်ထည်နဲ့သာ။ လိုရာခရီးရောက်တော့ ဆင်းပြီးဖြေးဖြေးမှန်မှန်သာ လျှောက်လာခဲ့သည် ကိုယ်က နောက်မကျသော်လည်း ဟိုအစ်မက စောရောက်နေ၏။ကိုယ့်ကို မြင်တော့ အပြုံးနဲ့ဆီးကြိုရင်း လက်ကိုလာတွဲသည် Skinship မကြိုက်သောသူမို့ နေရတာ သက်တောင့်သက်တာ မရှိသော်လည်း ချစ်ရသော အစ်မဆိုတော့ မရုန်းရက်ပါ။
လမ်းတစ်လျှောက်လုံး နှစ်ယောက်သား Englsih လို ပြောလာရင်း စာသင်တဲ့အချိန် ကလေးတွေကိုEnglish လိုပဲ ပြောဖို့မှာနေ၏။မှတ်တိုင်နဲ့ အိမ်က မဝေးတာမို့ သိပ်မလျှောက်လိုက်ရပါ။ ကလေးလေးတွေကတော့ ချစ်စဖွယ်အတိ။
International School က ဆိုပေမယ့် ယွန်းစာသင်ပေးရသည့် ကျောင်းသားလေးက ငယ်ငယ်တည်းက International School မှာတက်ခဲ့တာ မဟုတ် ၆တန်းအထိ အစိုးရကျောင်းမှာ တက်ပြီးမှ International School ကို ပြောင်းလာတာမို့ သူ့မှာ အခက်အခဲတွေ အများကြီး ရှိ၏။ ပင်ကို ဥာဏ်ထက်သော်လည်း ဘာသာ စကားက အဟန့်အတား ဖြစ်နေသည် ။ Subjects ပေါင်းစုံကို ဆရာမက English လို ပြောပြီး သင်သောကြောင့် တစ်ချို့ Mathematics terms တွေ သူနားမလည်သလို Science လည်း သိပ်မလိုက်နိုင်ပါ ။ ဟိုအစ်မပြောသလို English လိုချည်းပဲ ဆက်တိုက်ပြောနေရင် လိုရာခရီး ရောက်မည် မဟုတ်သောကြောင့် Maths တို့ Science တို့လို ဘာသာရပ်တွေကို English လို ပြောပြီး မသင်ပါ။
ကိုယ်က English ကို အဓိက သင်ရသော်လည်း Maths ရော Science ပါ ကူလုပ်ပေးသလို ICT နှင့် ပတ်သတ်သော အိမ်စာတွေလည်း တူတူလုပ်ကြသည် ။ မှားမှာကြောက်လို့ မပြောပဲ နောက်ပိုင်း ပြောမထွက်တော့မှာ စိုးလို့ English အချိန်ဆိုရင်တော့ English လို ပြောခိုင်းသည် စကားပြောတဲ့အခါ keywords တွေပါတာနဲ့ တစ်ဖက်လူနားလည်ပြီး အလုပ်ဖြစ်ကြောင်း သူ့ကို သိစေချင်သည်။ ဒီအချိန်မှာ နည်းစနစ်မှန်ကန်စွာ ပြောတက်ဖို့ထက် ပြောထွက်ဖို့ကအရေးကြီးတာမို့ ရုပ်ရှင်တူတူကြည့်ပြီးလေ့ကျင့်ကြသည် ၊ စာအုပ်တွေ ဖတ်ခိုင်းပြီးတော့လည်း အိမ်စာ ပေးသည် တစ်ခါတစ်လေ Game တွေ တူတူ ဆော့ကြသည် ။ ကိုယ်ကအားတက်သရော သင်ပေးတာကို သူကလည်း အားသွန်ခွန်စိုက်လိုက်လုပ်တာမို့ လအနည်းငယ် အတွင်းမှာပင် သိသိသာသာ တိုးတက်လာတာကိုတွေ့တော့ ကလေး မိဘတွေက သူတို့သား အငယ်လေးကိုပါ သင်ပေးဖို့ပြောလာ၏ ။ Sat + Sun ဆိုလျှင် မနက်ပိုင်း အကြီးကောင်လေး ကို သင်ပြီးသည်နှင့် အငယ်လေးကို သင်ရသည် ၂ ယောက်စလုံး ပြောစကားနားထောင်တော့ စိတ်ချမ်းသာ ရပါသည်။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်