Episode 3 - တောင်အာရှဆီမှ နှလုံးခုန်သံ

66 4 0
                                    

" သူကတော့ ဘာရယ်မဟုတ် ခေါ်လိုက်တာပဲ။ ဒီစကားလုံးလေး နှစ်လုံးမှာ ပျော်ဝင်မိသွားတဲ့ ကိုယ်ကတော့ ဘဝတစ်ခုလုံး ပုံပေးဖို့တောင် အဆင်သင့်ဖြစ်နေခဲ့ပြီ "

**************

ဆယ်အောင်ပြီးစမို့ သူများတွေ ဟိုသင်တန်း ဒီသင်တန်းတွေနှင့် အလုပ်ရှုပ်နေသော်လည်း ကိုယ်ကတော့ "သူမ" တစ်ယောက်အတွက်နဲ့ပဲ အလုပ်ရှုပ်နေတော့သည်။  ဥပုဟ်နေ့တိုင်းဟာ  နာရီနှိုးစက်သံ မလိုဘဲ အလို အလျောက်နိုးလာသောနေ့ဖြစ်သလို မနက်စာ စားစရာမလိုပဲ ဗိုက်ပြည့်နေသော နေ့လည်း ဖြစ်သည်သူ့ရှေ့ရောက်လျှင် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်ပုံစံ ကိုသာ ပြချင်မိ​သောကြောင့် ရေချိုးပျင်းသော ယွန်းတစ်ယောက် ဥပုဟ်နေ့ဆို အစောကြီးထပြီး ရေချိုးသလို အဝတ်အစားတွေလည်း ညကတည်းက မီးပူတိုက်ပြီး အသင့်ပြင်ထားလေ့ရှိသည်။

ဒီနေ့တော့ မိုးမရွာတာမို့ စိတ်ကြည်နေ၏။ ရင်ဖုံးအကျီအဖြူနဲ့ နက်ပြာရောင် ထဘီကို ဝတ်ဆင်ပြီးတဲ့အခါမှာတော့ ပြင်ဆင်ခြင်းကိစ္စပြီးဆုံးပြီ။ တစ်သက်နဲ့ တစ်ကိုယ် အရှည်မထားခဲ့ဖူးသော ဆံပင်တို့ကလည်း လက်နဲ့ တစ်ချက်သပ်လိုက်ရုံနဲ့ ပုံကျပြီးသား။တစ်နာရီလောက်ကြာအောင် လျှောက်ရသော ခရီးကလည်း စိတ်စောနေတော့ ဆယ့်ငါးမိနစ်လောက်ပဲ ကြာသည် ထင်ရပြန်သည်။ အရာရာသည် သူမ ဆိုသော ထိုအမျိုးသမီးကြောင့် မြတ်နိုးဖွယ်ကောင်းနေတော့သည်။

ဟိုတစ်ခါ ပြုံးပြသွားပြီးကတည်းက မတွေ့ရတာ တော်တော်ကြာနေပြီမို့ ဒီနေ့တော့အမျိုးသမီး ဆောင်ဘက် သွားဖို့ ခြေလှမ်းတို့ကို ဦးတည်လိုက်သည်။ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူမရှိသော နေရာနှင့် နီးလာပြီ ဆိုသော အသိကြောင့် ရင်ခုန်သံ စည်းချက်တို့က ထိန်းမရစွာ ကခုန်နေကြ၏။

သွားရမယ့် အခန်းက ဒူးနာနေသော ဆရာလေးပေါ့ တွေ့ချင်တာကတော့ သူ့ ကို ပဲ ဖြစ်သည်။ ဒူးနာနေတဲ့ ဆရာလေး ဘွဲ့နာမည်က "မဝိနီ" တဲ့ ။

အဆောင်ထဲ ဝင်လာခဲ့ပြီး လှေကားထစ်တို့ကို ဖြတ်ကျော်ရင်း ၄ ထပ်မြောက် ရောက်တော့ တံခါးခေါက်လိုက်သည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now