"ဘယ်လောက်လွမ်းနေခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေ စီကာပတ်ကုံး ပြောပြချင်ပါသော်လည်း ခြားနားနေသာ ဘဝနဲ့ ကွာဟလွန်းသော အရှိန်အဝါတို့ကြောင့် ဖွင့်ဟဖို့ သတ္တိမရှိခဲ့ပြန်ပါ"
************
အလာတုန်းက Guide အစ်မနဲ့ တူတူထိုင်ခဲ့သော်လည်း အပြန်ခရီးကျတော့ ဘယ်သူ့ဘေးမှာမှ မထိုင်ချင်သောကြောင့် တစ်ယောက်တည်းပဲ လိုက်ပါလာခဲ့သည်။ မြင်မြင်သမျှအရာတွေကလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် သတိရချင်စရာတွေချည်း။ Delhi ရောက်တော့ မိုးစုန်းစုန်းချုပ်နေပြီမို့ ဖုန်းမခေါ်တော့ပါ။
မှေးစင်းလာသော မျက်လုံးတို့ကို အနားပေးဖို့
အိပ်ရာမဝင်ခင် Program Schedule ကို တစ်ချက်ကြည့်လိုက်တော့ နောက်၂ရက်နေရင် Punjab ထပ်သွားရဦးမှာပါလား ၊သူငယ်ချင်းတော့ ဘယ်အခန်းတွေလျှောက်လည်နေမှန်းမသိတာမို့ မီးမှိတ်ပြီး အိပ်ရာဝင်ခဲ့တော့သည်။xxxxxxxxxxxx
နောက်တစ်နေ့ညလည်း နံပတ်တို့ကို နှိပ်ပြီးမှ ယွန်းချလိုက်သည်။ စကားပြောချင်သည် ပြောစရာ စကားမရှိ အသံကြားချင်သည် ကြားတော့လည်း ရှိုးတိုးရှန့်တန့် ဝေးသွားလိုက် နီးသွားလိုက်ခံစားချက်တွေနှင့် တစ်ယောက်တည်း စိတ်ရှုပ်ထွေးလာသလို သူမကိုလည်း ရှိန်နေမိသည်။ ပုံပို့ပေးဖို့ ပြောထားသော
ကြောင့် Taj Mahal မှာ ရိုက်ခဲ့သော ပုံတွေ Viber ကနေ ပို့ပြီး မနက်ဖြန်ညတော့ ဖုန်းခေါ်မည့် အကြောင်း စာပို့ထားလိုက်သည်။ယွန်းတို့ အခုရောက်နေတဲ့ နေရာက India Cultural Center ကိုယ်တို့ အဖွဲ့တစ်ခုတည်း မဟုတ် ရောင်စုံ Uniform အသီးသီးကို ချစ်ဖို့ကောင်းအောင် ဝတ်စုံထားသော ကျောင်းသား၊ ကျောင်းသူ အချို့ကိုလည်း တွေ့ရသည်။ ဒီကိုရောက်တော့ နေ့လည်စာ စားချိန်ဖြစ်နေပြီမို့လို့ အစီအစဥ်တွေ အကုန်နောက်ရွှေ့ရင်း နေ့လည်စာ အရင်စားစေသည်။ နေ့လည်စာက ဟင်းတွေ
နည်းနည်း စပ်တာက လွဲလို့ ကျန်တာ အဆင်ပြေပါသည်။နေ့လည်စာ စားပြီးတော့ ဆရာ၊ ဆရာမတွေက India ရဲ့ ဓလေ့ ထုံးတမ်းစဥ်လာ တစ်ချို့ကို လက်တွေ့လုပ်ပြရင်း ၊ လက်မှုအနုပညာ ကဏ္ဍအတွက် Pottery, Rangoli, Paper Craft, Bracelets နဲ့ အဝတ်တွေကို အရောင်ဆိုးနည်း သင်ပေးတဲ့ အဖွဲ့ဆိုပြီး ငါးမျိုးထဲက ကိုယ်ကြိုက်နှစ်သက်ရာ အဖွဲ့ထဲကို ဝင်စေသည်။ စက္ကူနဲ့ ဘာတွေ လုပ်မလဲ ဆိုတာ စိတ်ဝင်စားတာကြောင့် Paper Craft ထဲကို ဝင်လိုက်သော်လည်း ဒီအဖွဲ့ထဲက လူတွေက ဆရာလုပ်သမျှကိုသာ ငြိမ်ပြီး လိုက်ကြည့်နေကြတာမို့ တစ်ဖြည်းဖြည်းနဲ့ပျင်းဖို့ကောင်းလာသည်။ ခန်းမ တစ်ခုထဲမှာ လုပ်ပြနေခြင်း မဟုတ်ပဲ Corridor လို နေရာမျိုးမှာ ဖျာခင်းထိုင်ပြီး အနုပညာတစ်ခုကို အတူတကွ ဖန်တီးနေကြခြင်း ဖြစ်သည်။ အရှေ့ဘက်ဆီသို့ ကြည့်လိုက်လျှင်တော့ စိမ်းစိုနေသည့် မြက်ခင်းပြင်ပေါ်
ဖြာကျနေသော နေရောင်ခြည်နဲ့အတူ မြက်ခင်းပေါ် တောက်တောက် တောက်တောက်နဲ့ လျှောက်သွားနေသော ဆက်ရက် ငှက်ကလေး တစ်ချို့ရှိလေသည်။
KAMU SEDANG MEMBACA
တောင်အာရှဆီမှ နှလုံးခုန်သံ
Nonfiksiအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်