Episode 43 - တောင်အာရှဆီမှ နှလုံးခုန်သံ

61 5 1
                                    

"နာကျင်ရမယ်ဆိုတာ သိလျက်နဲ့တောင် မိုက်ရူးရဲဆန်ပြီး ထွက်လာခဲ့တာ မဟုတ်လား ဘယ်သူ့ကို အပြစ်ဆိုရမလဲ"

**************

ကျောင်းရောက်တော့ သတင်းပေးတဲ့ကောင်လေး လာစောင့်နေပါသည် ကိုယ့် Luggage ကိုလဲ ကူသယ်ပေး၏။ ဝင်းထဲရောက်လာတဲ့ထိ ဆရာလေးတစ်ပါးမှ
မတွေ့ရသေး ဘုရားဝတ်ပြုဆောင်လည်း တံခါးတွေ ပိတ်ထားသလို သူမ အခန်းဆီသွားရာ လှေကားကိုလဲ သော့ခတ်ထား၏။ ပြတင်းပေါက်ကနေ ကြည့်ပြီး ကောင်လေးက အရပ်ရှည်ရှည် ဆရာလေးတစ်ပါး အဝတ်ချုပ်နေသည်ဟု ပြောလာသည် သူမလဲ ကျောင်းမှာ မရှိဘူးဆိုလျှင် အခုအပ်ချုပ်နေတဲ့ ဆရာလေးက ဘယ်သူပါလိမ့် ဆရာကြီးကတော့ အရပ်မရှည်ပါ ဒါဆိုရင် ဆရာလေး အသစ်တစ်ပါး ရောက်နေတာများလား အစကတော့ အုတ်ခုံပေါ်မှာပဲ ထိုင်နေမိသည် သူမဖုန်းကိုခေါ်တော့ "Hello" တစ်လုံးတည်းပြောပြီး ဖုန်းချသွားသည် ထပ်ခေါ်တော့လဲ မကိုင်ပါ။ ရောက်လာမှတော့ ရှိနေတဲ့သူကို ဂါရဝ မပြုလျှင် မကောင်းဆိုပြီး တံခါးခေါက်လိုက်တော့ ကောင်လေးတစ်ယောက်လာဖွင့်ပြီး ဘယ်သူလဲဟုမေးလာသည် မြန်မာပြည်က Sanjana ပါလို့ ပြောတုန်း အထဲက ဆရာလေးကို သတင်းသွားပို့သည် ထင်သည် သူပြန်အလာကို မိမိ မစောင့်ပါ အထဲလိုက်ဝင်သွားတော့ စက်ချုပ်စက်ရှေ့မှာ ထိုင်ပြီး အဝတ်ချုပ်နေတာက မိမိ အနှစ်နှစ် အလလ တွေ့ချင်နေခဲ့သော သူမ ဖြစ်နေသည်။ Mask တပ်ထားသည်မို့ မျက်နှာရဲ့ အပြောင်းအလဲကို သိပ်မမြင်ရ ဓာတ်ပုံထဲ
ကြည့်တုန်းက ဝသည်လို့ ထင်ရသော်လည်း အခုကျတော့လဲ ပုံမှန်ပါပဲ။ ကိုယ့်ကိုမြင်တော့ စက်ချုပ်တာကို အရှိန်လျှော့လိုက်ပြီး စကားဆိုလာသည်

" ဘယ်က လာတာလဲ"

" ကောင်းကင်ပေါ်ကနေ ပျံလာတာ ဘုရား"

" ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ"

"အခုမှရောက်တာလေ ရောက်တာနဲ့ ဒီတန်းလာတာ"

"အင်း"

ဘာစကားမှ မဆိုတော့ပဲ စက်ပြန်ချုပ်နေသည် နှစ်ယောက်သားကြားထဲ ပြောစရာ စကားတို့ပျောက်ရှသွားသည်။

အချိန်အနည်းငယ်ကြာပြီးနောက် မိမိဘက်ကပဲ စကားဆိုလိုက်သည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now