"စိတ်ထဲမှာ ထောင်းခနဲ ဒေါသထွက်သွားသော်လည်း ဒေါသကို ပြလို့မဖြစ်လိုချင်တာ ရအောင်ယူရမည်"
***************
စာမေးပွဲ ပြီးတော့ Private ကျောင်း အဟောင်းတွေကို ဝင်ပြိုင်ဖို့ ထပ်တိုက်တွန်းရင်း ကျောင်း အသစ်တွေကို လည်း သွားရပြန်သည်။ ကျောင်းအဟောင်းတွေကလည်း အကြောင်းပြချက်ပေါင်း များစွာဖြင့် မပြိုင်နိုင်ကြောင်း ငြင်းကြသလို ကျောင်းအသစ်တွေကလည်း စိတ်ဝင်စားဟန် မပြတာမို့ မျှော်လင့်ချက်က ခပ်ရေးရေးသာ ရှိတော့သည်။
Audition လုပ်မယ်လို့သာ ပြောသည် ၊ ခန်းမ ငှားဖို့ မေးခွန်းစာရွက်တွေထုတ်ဖို့ စသဖြင့် အထွေထွေ ကုန်ကျစရိတ်အတွက် ပိုက်ဆံထုတ်မပေး တော်တော်လည်း ခွက်ကျသည့် Company ၊ Budget ကိစ္စ ပြောတော့ ပြည်တွင်း အဖွဲ့ အစည်း တစ်ခုခုဆီက ရအောင်ရှာပါတဲ့ တကယ်ကို ဆက်မလုပ်ချင်တော့ ဒီနေရာမှာပဲ ရပ်တန့်လိုက်ချင်သည်။ လုပ်ရမယ့် အလုပ်ထဲမှာ Sponsor ရှာပေးဖို့အထိ မပါ ၊ ကျောင်းတွေကို မျက်နှာ မပျက်ချင်လို့သာ စိတ်လျှော့လိုက်သည်။
ပြည်တွင်း အဖွဲ့အစည်းတွေက သူတို့အတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိသောကြောင့် Sponsor မပေးချင်ကြ Nestle , Milo , Overtine တို့လည်း ဆက်သွယ်ကြည့်သေးသည် ကျောင်းသားတွေအတွက်ဆိုတော့ သူတို့အတွက်တော့ အကျိုးရှိနိုင် လောက်ပေမဲ့ သူတို့လည်း ငြင်းသည်။ ဘယ်အဖွဲ့ အစည်းဆီကမှ Sponsor မရနိုင်ကြောင်း သိတာတောင် Companyဘက်က ခန်းမငှားဖို့ ပိုက်ဆံထုတ်ဖို့ မစဥ်းစား။ နောက်ဆုံးတော့ ကျောင်းခန်းမ မှာပဲ Audition လုပ်လည်း အဆင်ပြေပါတယ် ကျောင်းတွေကို တောင်းဆိုကြည့်ပါတဲ့။
ကျောင်း ၂ ကျောင်းကို ပြောကြည့်တော့
မြောက်ဥက္ကလာ က ကျောင်းက သူတို့ခန်းမ ပေးပါမည်တဲ့ ။ ကျောင်းခန်းမ ရရုံနှင့် မပြီးသေး မုန့်နဲ့အအေးက တိုက်ချင်သေးသည် သူတို့ပိုက်ဆံနဲ့တော့ မဟုတ် မြန်မာနိုင်ငံမှာ မွေးသော " မ" တို့နိုင်ငံက လူမျိုးတွေ ဖွဲ့ ထားသော အဖွဲ့ တစ်ဖွဲ့ ရှိသည် ယွန်းကို ထိုအဖွဲ့ခေါင်းဆောင်ရဲ့ ဖုန်းနံပတ် ပေးလာပြီး Sponsorship ကိစ္စ ပြောခိုင်းသည် ။ ဖုန်းတော့ ဆက်သည် ဒါပေမယ့် Sponsor ပေးဖို့ ကိစ္စတော့ မပြောပါ။ အဲ့သလောက်အထိ လူမှုရေး မခေါင်းပါးချင်ပါ ပွဲတက်ရောက်ဖို့ အတွက်ပဲ ယွန်းဖိတ်လိုက်သည်။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်