Episode 40 - တောင်အာရှဆီမှ နှလုံးခုန်သံ

57 5 0
                                    

"ကလေးလေးကို တွေ့လိုက်ရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်ရသလိုပါပဲ တိုက်ဆိုင်မှုပဲလားမသိ သူနဲ့ကိုယ်လည်း ၆နှစ်ကွာသည်။ သူရယ် ကိုယ်ရယ်  ဆရာလေးရယ်က မတူညီတဲ့ ပုံစံတွေနဲ့ တစ်ဖက်သားကိုအရမ်း ဂရုစိုက်ပေးတက်တဲ့သူတွေပါပဲ"

*************

အရှေ့မြောက်စူးစူး ဗလီဝတ်ကျောင်းမှ ဘုရားဝတ်ပြုဖို့ ဆော်သြသံထွက်ပေါ်လာသည်။ အချိန်၂နှစ်ကျော်ကြာတဲ့ တိုင်အောင် ဝေဒနာ တွေက လျော့မသွား ။ အလွမ်းရှိန်တွေဆိုတာ ပြင်းလွန်းလို့ လမ်းသွားရင်းနဲ့တောင် မျက်ရည်ကျနေရတဲ့ အဖြစ်။ ကိုယ့်စိတ်က ဖြစ်နေတာပဲ စိတ်ကို ထိန်းနိုင်ရင် ရပြီပဲ ဆိုပြီး ကြိုးစားပေမယ့် ဘယ်လိုမှ မရ ပိုပင်ပန်းရသည် ကြေကွဲပြီး နေ့စဥ်လူတကာ အလယ် အသက်မရှင်ချင်တော့လို့ ကိုယ့်ကိုယ်ကို သတ်သေချင်လိုက်တဲ့ စိတ်တွေဆိုတာ စက္ကန့်မလပ်။

ဂရုစိုက်နော် နေကောင်းရဲ့လား စသဖြင့် စာလာပို့တဲ့ သူတွေကိုလည်း အပိုတွေလို့ပဲခံစားနေရသည်။ လူမှုရေးအရတောင် ကျေးဇူးတင်ကြောင်း ပြန်မပြောချင်လောက်တဲ့အထိ စိတ်တွေပင်ပန်းနေရသည်။ သူကလွဲရင် ဘယ်သူပေးတဲ့ ဂရုစိုက်မှုကိုမှ အစစ်အမှန်တွေလို့ မခံစားရတော့တာလည်း ပါသည်။ သူ့အသိုင်းအဝိုင်းက လူတွေ တစ်ယောက်ပြီး တစ်ယောက် ကိုယ့်ကို ကျဥ်သွားတာကို ကြည့်ပြီး ပေါင်းသင်းဆက်ဆံရေး တွေကို အပြည့်အဝ မယုံကြည်ရဲတော့။ သူတို့လိုချင်တဲ့ ပုံစံမဟုတ်ပဲ ဆိုးသွမ်းတဲ့ပုံပြလိုက်ရင်ရော ကိုယ့်ကို ဆက်ခင်ကြမည်လား။ ကိုယ်ကကောင်းလို့ ပြန်ကောင်းပေးတာမျိုး သူတို့စိတ်နဲ့တွေ့တုန်း ကောင်းပေးနေတာမျိုးကို မလိုချင်တော့။ပေါင်းသင်းဆက်ဆံရေးနဲ့
ပတ်သတ်ပြီး စိတ်ထဲမှာ မယုံကြည်မှုနဲ့ အတူ မလုံခြုံမှုတွေကိုပါ ခံစားနေရသောကြောင့် သူငယ်ချင်းရောင်းရင်း တွေကိုပါ ဘာမှ မပြောပဲ အဆက်သွယ် ဖြတ်ပြီးနေကြည့်သည်။ ကိုယ့်ရဲ့ ဘယ်လို အချက်ကို ပြန်တွေးပြီး သူတို့ပြန်ခေါ်မလဲပေါ့ BFF ကြီး သီရိလည်း ပါသည်။

စစ အဆက်အသွယ်ဖြတ်ချင်းတုန်းကတော့ သီရိက
ကိုယ့်ကို စိတ်ပူပြီး စာတွေ အဆက်မပြတ်ပို့သည် သူ့စာကို အကြောင်းမပြန်ဖြစ် ရက်တော်တော်ကြာမှ စမ်းသပ်မှု တစ်ခု လုပ်ဆောင်နေကြောင်းသာ ပို့ဖြစ်သည်။ အဲ့နောက်ပိုင်း တော့ စာတွေဆက်တိုက် မပို့တော့ပဲ ကိုယ်ပျော်သလိုနေဖို့သာ ပြောသည်။ အားလုံးနဲ့ အဆက်သွယ်တွေ ဖြတ်ထားတာက သုံးလ သီရိကိုဖြတ်ထားတာ တစ်လပင်ရှိတော့မည်။ Skateboard လိုချင်သည် ဟု တစ်ခါပြောဖူးတာကို အလုပ်က အစ်မက မှတ်ထားပြီး ကိုယ့်အတွက် ဝယ်ပေးသည်။အလုပ်ပိတ်ရက်မို့ Skate စီးကျင့်ရန်ထွက်လာခဲ့သည်။ အစကတော့ မြက်ခင်းမှာကျင့်ဖို့ လုပ်ထားပေမယ့် ဘီးက မြက်ခင်းပေါ်မှာ သိပ်မပြေး ကွန်ကရစ်လမ်းပေါ်မှာ စီးရင်း စီးရင်းနဲ့ ကြောက်စိတ်ကိုဖျောက်ပြီး အရှိန်နဲ့စီးဖို့လုပ်ကာမှ ဖင်ထိုင်ရက်လဲတော့သည် ဘယ်လက်ကလည်း ထောက်လိုက်တဲ့အရှိန်နဲ့ ပြန်တောင် မ လို့ မရ။ ငိုချင်လောက်အောင်ကို နာသွားသည် စက်ဘီး စီးသင်ပေးခဲ့တဲ့ ကလေး နာမည်ကို အော်ခေါ်ပြီးတော့ကို ငိုပစ်လိုက်ချင်တာ။ အဖေနဲ့ ညီမလေး ပြီးရင် မြန်မာပြည်က လူတစ်ယောက်ကို ပထမဆုံး အကြိမ် သတိရခြင်း။ "ဟန်" ရေ မင်းမရှိတော့ လဲကျရင် ကမ်းပေးမယ့် လက်တစ်စုံ မရှိတော့ဘူး ။ စက်ဘီးစီးသင်ပေးတုန်းက ကိုယ်ကလဲကျမှာ အရမ်းစိုးရိမ်သည်လို့ သူ့ကိုပြောထားသောကြောင့် ယိမ်းသွားယိုင်သွားရင်တောင် တစ်ချက်အတိမ်းအစောင်းမခံပဲ သူ့ခြေထောက်ကို ဘီးအကြိတ်ခံပြီး သင်ပေးခဲ့တဲ့ ကလေးပါ။

တောင်အာရှဆီမှ နှလုံးခုန်သံOù les histoires vivent. Découvrez maintenant