Episode 34 - တောင်အာရှဆီမှ နှလုံးခုန်သံ

58 5 0
                                    

"ဒီတစ်ခါတော့ သူတို့ ဘာသာစကားနဲ့ Wish လုပ်ချင်တာကြောင့် ကိုယ်ရေးထားတာတွေကို သူ့သူငယ်ချင်းကို ဘာသာပြန်ခိုင်းလိုက်သည် ဒီနှစ်လည်း အဦးဆုံးသူက ကိုယ်ပဲ ဖြစ်ရမည်။ "

***************

".... ပြန်တွေးကြည့် ငါသိပ်ချစ်မိသွားပြီ
မျက်နိုးရတဲ့ "မ" ရဲ့ အပြုံးဟန်လေး အမြဲတမ်းတွေ့ ​ချင်မိ

ရင်ထဲအထိ ပစ်ခွင်းစူးနစ်သွားပြီ "မ" အကြည့်များ
ဂန္တဝင် မြောက်လွန်းတဲ့ ကမ္ဘာကျော်ပန်းချီလည်း ရှုံးရပြီ..... "

မိုးမိုး သီချင်းကို စာသား အနည်းငယ် ပြောင်းပြီး "မ" တစ်ယောက်တည်း မြင်ရအောင် Privacy ကို Specific Friend ပြောင်း ၊ "မ" က သူ့ကို ပြောမှန်း မသိမှာစိုးလို့ စာသားလေးအဆုံးမှာ Mention ခေါ်ပြီး တင်လိုက်သည်။

တကယ့် တကယ် တင်ပြီးတော့ ယွန်း ခြေမကိုင်မိ လက်မကိုင်မိ Facebook တောင် မသုံးရဲတော့။ သူ ဘာပြောထားမလဲဆိုတာ သိတော့သိချင်သည် ဒါပေမယ့်
ဖွင့်လည်း မကြည့်ရဲ ပြောပြီး ၂ ရက်လောက်ကြာမှ ဖွင့်ကြည့်ဖြစ်သည်။ ကြည့်သာ ကြည့်ရသည် ရင်ထဲမှာတော့တထိတ်ထိတ်နဲ့ "မ" က Post ကို Like ပေးထားပြီး Comment ရေးထားသည် ၊ ရေးထားတဲ့ Comment က

" မသိပ်ချစ်ပါနဲ့" တဲ့

"မ" စိတ်ဆိုးသွားပြီလား မသိ စကားလည်း သွားမပြောရဲ ရင်ထဲမှာ ရှက်စိတ်တွေနဲ့သာ ပူထူနေတော့သည်။ ဒီရက်ပိုင်း Bangkok Trip အတွက် ပြင်ဆင်နေရသော်လည်း စိတ်ထဲမှာ လေးနေ၏။ ဖွင့်မပြောခင်ကတော့ Bangkok သွားမည့်အကြောင်း သူ့ကို ပြောထားသည်။ တကယ် သွားရမယ့် အချိန်ရောက်တော့ ဖွင့်ပြောထားမိသောကြောင့် နှုတ်တောင်မဆက်နိုင် ရင်ထဲမှာဘယ်လိုကြီးမှန်းမသိ "မ" နှင့် စကားမပြောချင်။

အဖေ့ကို နိုင်ငံခြား ခရီးစဥ် တစ်ခုတော့ ပို့ပေးချင်သည် ဒါပေမဲ့ နိုင်ငံရပ်ခြားကို အဖေ တစ်ယောက်တည်း လွှတ်ဖို့ကျတော့လည်း စိတ်မချပါ။ အစကတော့ Bangkok
သွားမယ့် ပိုက်ဆံတွေက အဖေ့ကို India ပို့ပေးဖို့ အတွက်ရည်ရွယ်ထားတာ ဒါပေမယ့် သုံးရင်း သုံးရင်းနဲ့ အဖေ့ကို India ပို့ဖို့ မလောက်တော့။ နောက်နှစ်ဆို ကိုယ်လည်း မြန်မာပြည်မှာ ရှိဖို့ မသေချာတာမို့ အနီးဆုံးဖြစ်သော Thai ကိုပဲ ရွေးလိုက်ခြင်းဖြစ်သည် ။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now