Episode 13 - တောင်အာရှဆီမှ နှလုံးခုန်သံ

54 5 0
                                    

"အရာအားလုံးက အမှတ်တရ အနေနဲ့ပဲ သိမ်းထားလို့ ရတော့မယ့် အနေအထားဆိုရင်တောင် ဘယ်တော့မှ မမေ့ဖျောက်ချင်တဲ့ အမြဲတမ်းလှပနေမယ့် မှဏ်ဥာဏ်တစ်ခု အနေနဲ့ တည်ရှိနေလိမ့်မည် "

**********

ဖြေးညင်းစွာမောင်းနေသော Express ကားကြီးရဲ့ ဦးတည်ရာက Punjabj လူမျိုးတို့ အထွတ်အမြတ်ထားရာ Golden Temple ဆီသို့၊ အနောက်မှာ တော့ ရဲကားတွေ  တစ်သီတစ်တန်းကြီး စောင့်ရှောက်ရင်း လိုက်ပါလာကြသည်။Agra လို နွားတွေ သိပ်မတွေ့ရပုံထောက်ရင် စိုက်ပျိုးရေးကို အဓိက လုပ်ပုံရသည်။ ဂိတ်အဝင်ဝမှာ ကားရပ်ပြီး ပစ္စည်းတွေ အကုန် ကားပေါ်မှာပဲ ထားခဲ့ကြရင်း Guide အစ်မက ဂိတ်နဲ့ ဘုရား​​ကျောင်းနဲ့ တော်တော်ဝေးတာမို့ အအေးတွေ ဘာတွေ သောက်ချင်ရင် အခုကတည်းက ဝယ်ဖို့ပြောနေတာမို့ အုပ်စုလိုက်ကြီး မုန့်ဆိုင်ကို ချီတက်သွားကြသော်လည်း ကိုယ့်အာရုံကတော့ ရိုးရာအိတ် အရောင်းဆိုင်မှာကျန်ခဲ့သည်။ စျေးကလည်း မြန်မာငွေ ​လေးထောင်လောက်ပဲမို့ ဝယ်ချင်နေပေမယ့် ဘုရားကျောင်းထဲကို ဘာပစ္စည်းမှ ယူလို့မရတာမို့ ပြန်ထွက်မှပဲ ဝယ်လို့ ရတော့မည်။ နောက်ဆုံးအနေနဲ့ အိတ်အနီလေးကို စောင်းငဲ့ကြည့်ရင်း ဘုရားကျောင်းဆီသို့ ခြေလှမ်းတို့ကို ဦးတည်လိုက်သည်။

ဘုရား ကျောင်းထဲရောက်တော့ လူတန်းကိုကြည့်ပြီး ဝင်ချင်စိတ်တောင် မရှိတော့ လူတန်းကြီးက ဆူးလေကနေ ဗိုလ်တစ်ထောင်လောက်ထိ ရှည်သည် မဝင်ရင်လည်း မဝင်ပါရစေနဲ့ တန်းတော့ မစီနိုင်ပါလို့လည်း ပြောလို့မရတာမို့ အဲ့နေရာမှာပဲ အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်တော့၏။ အတန်းက ယောကျာ်း လေး နဲ့ မိန်းကလေး ၂တန်းခွဲထားသည် နေက အရမ်းပူသောကြောင့် ပန်ကာတွေတပ်ထားသော်လည်း Punjabရဲ့အပူရှိန်ကို မတွန်းလှန်နိုင်ပါ ဘာသာရေးဆရာတွေကတော့ ယပ်တောင် အကြီးကြီးတွေနဲ့ လိုက်ယပ်ခတ်ပေးရင်း ရေလည်း လိုက်တိုက်နေသည် ဒါတောင် ပူတုန်း။

တန်းက တော်တော်ရှည်သည် ယောကျ်ားလေးတန်းက လူသိပ်မများတော့ ယွန်းတို့အဖွဲ့က ယောကျ်ားတွေကရှေ့ ရောက်ကုန်ပြီ။အဖွဲ့ခေါင်းဆောင် ကလည်း အဖွဲ့ကွဲမှာ စိုးတာကြောင့် ယွန်းတို့ ရှေ့မှာတန်းစီနေသော ဒေသခံ မိန်းကလေးတွေကို ကျော်တက်ခဲ့ဖို့ လှမ်းအော်ပြောသည်။ မိန်းကလေး တွေကို ကျော်ဖို့ဆိုတာတော့ လုံးဝ မဖြစ်နိုင် ကောင်မလေးတွေက ကျော်တက်ခံမည်မဟုတ်သလို အော်လိုက်မည့် ဖြစ်ခြင်း ဒါကြောင့် ယွန်းတို့ မိန်းကလေး တစ်သိုက် တန်းတွေကို ခွကျော်ပြီး ယောကျာ်းလေး တန်းထဲဝင်ဖို့တိုင်ပင်ကြ၏။

တောင်အာရှဆီမှ နှလုံးခုန်သံDonde viven las historias. Descúbrelo ahora