Episode 49 - တောင်အာရှဆီမှ နှလုံးခုန်သံ

68 5 4
                                    

"ဆရာလေးတွေ အားလုံး ကြင်ကြင်နာနာနဲ့ ဂရုစိုက်ပေးခဲ့ကြတာပါပဲ ကိုယ်သာ မမြင်နိုင်ခဲ့တာ တစ်ယောက်တည်းကိုပဲ စိတ်အားလုံး ပုံနှစ်ထားခဲ့တော့ ဒီလူပေးတာတွေကိုပဲ အများကြီး လို့ အမှတ်မှားခဲ့ရုံပါလား ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်လာသည်။"

****************

ဟိုတစ်နေ့က ဝါတော်အကြီးဆုံး ဆရာကြီး ကျောင်းမှာတွေ့ခဲ့သော ဆရာလေးက ရိပ်သာလိုက်ပို့ပေးမည် ပြောထားသဖြင့် ချိန်းထားသောနေရာကိုထွက်လာခဲ့သည် ။ မိမိက စောနေသဖြင့် ဆရာလေးမရောက်သေး Taxi ဖြင့်လာကြိုမည်ပြောသည် ဆရာလေးရောက်လာတော့ ရိပ်သာသို့ Taxi တူတူစီးပြီး ထွက်လာခဲ့ကြသည်။

" ဆရာလေးလဲ မြန်မာပြည်မှာ နေတဲ့ အချိန်များတော့ ကိုယ့်နိုင်ငံကို သိပ်မသွားတက်ဘူး အများကြီး ပြောင်းလဲသွားပြီလေ ဒီနေရာဆို ဆရာလေးထွက်လာတုန်းက ဟင်းလင်းပြင်ကြီး အခုအိမ်တွေနဲ့ ဖြစ်ကုန်ပြီ"

" မှန်ပါ့ဘုရား"

" ပြန်ဖို့ Ticket ဖြတ်ပြီးပြီလား"

" ပြီးပြီဘုရား Dollar 450 ပေးရတယ်"

" တော်သေးတာပေါ့ ဆရာလေးတို့ ပြန်လာတုန်းက ၁၀၀၀ နီးပါးပေးခဲ့ရတာ"

" ဆရာလေး ဒါနဲ့ PCR Test ဘယ်မှာစစ်လို့ ရမလဲဟင် ကျောင်းနဲ့ အနီးဆုံးနေရာပေါ့ တပည့်တော် မနက်ဖြန်ကျောင်းမှာ လာအိပ်မယ်လေ"

" သြော်ဟုတ်လား ဆရာလေးတော့ ကျောင်းမှာ ရှိဖို့မသေချာဘူး တစ်ခြားဆရာလေးတွေတော့ ရှိလိမ့်မယ် ဆေးစစ်တဲ့နေရာတော့ အတိအကျ မသိဘူးကွယ်"

ဆရာလေးနဲ့ စကားပြောရင်း လိုက်ပါလာခဲ့တာ ရိပ်သာကို ခဏလေးနဲ့ ရောက်လာသလိုပင် ဆရာကြီးက စာချနေ၏။ ကိုယ့်ကို ဆရာလေး အငယ်လေးတစ်ပါး ဆင်းကြိုသည် မြန်မာပြည်မှာ သိခဲ့တဲ့ ဆရာလေးပင်

လိုက်ပို့သော ဆရာလေးကတော့ ဆရာကြီးကို
စောင့်ကြည့်ဖို့အလှည့်ကျတာမို့ မိမိကိုထားပြီး ပြန်သွားပြီ

ဆရာလေးအငယ်လေးက သူ့အခန်းရောက်တော့

" ဘာသောက်မလဲ ရေနွေးလား ရေအေးလား"

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now