"ယုန်ပေါက်လေး တစ်ကောင်လို ချစ်ဖို့ကောင်းသော သူမလေး ၊ ပန်းနုရောင် သင်္ကန်းကို တစ်ကိုယ်လုံး လွှမ်းခြုံလျက် ပန်းရောင်သိုးမွှေးဦးထုပ်လေးကို လည်း ဆောင်းထားသေးသည် ၊ လာကြိုတဲ့ အချိန်တုန်းကနဲ့ မတူ ဒီနေ့မှ ပါးလေးတွေကလည်း ပန်းရောင်သန်းပြီး ပိုလှနေသလို"
******************
Hotel ရောက်ပြီး သိပ်မကြာခင်ပဲ အခြား အခြားသော နိုင်ငံမှ ပြိုင်ပွဲဝင် ကလေးတွေ ရောက်လာကြ၏ စုစုပေါင်း ၁၀ နိုင်ငံလောက်တော့ ရှိလိမ့်မည်။ ကိုယ်နဲ့ ပေါက်စနလေးက တစ်ခန်းနေပြီး ကောင်လေး သုံးယောက်က တစ်ခန်းနေသည် ။ သူတို့လို အရွယ်တွေ အများကြီးတွေ့တော့ သူတို့လည်း ပျော်နေပုံပင်။
အဖွဲ့ဝင်တွေ အကုန်စုံတော့ ညစာမစားခင် coordinator ကောင်လေးက ပြိုင်ပွဲ အကြောင်းရယ် မေးခွန်းပုံစံတွေရယ် အတိုချုံး ရှင်းပြပြီး မေးစရာရှိရင် မေးနိုင်ကြောင်း ပြောတာမို့ မြန်မာက ဘယ်နေ့ပြိုင်ရမလဲ ဘယ်အဖွဲ့တွေနဲ့ ပြိုင်ရမလဲ မေးလိုက်တော့ မစီစဥ်ရသေးပါ မနက်ဖြန်မှသိရမည်တဲ့။ တော်တော်လေးကို စနစ်ကျသည့် အဖွဲ့အစည်းပင်။ ညစာစားချိန် ရောက်တော့ ဟင်းတော်တော်များများက စပ်တာမို့ သိပ်မစားနိုင်ပါ ကလေးတွေက အစပ်ကြိုက်လို့ တော်သေးသည် ။ ညစာစားနေစဥ် CEO ရောက်လာပြီး
" Sanjana စားရတာ အဆင်ပြေရဲ့လား တို့အစားအသောက်တွေ ဘယ်လိုနေလဲ "
" အရသာတော့ ကြိုက်ပါတယ် ဒါပေမယ့် ကိုယ့်အတွက်နည်းနည်းစပ်တယ် "
" အင်း ဟုတ်တယ် တို့ဟင်းတွေက နည်းနည်းစပ်တယ် မင်းအတွက် ပေါင်မုန့်လုပ်ပေးဖို့ပြောလိုက်မယ် ထမင်း ဟင်းတွေ အဆင်မပြေရင် စားဖိုမှူးတွေဆီကို ပေါင်မုန့်အချိန်မရွေးတောင်းနိုင်တယ်"
" ကျေးဇူးပဲ" လို့ပြောပြီး ကိုယ့်ဝိုင်းကို ပြန်လာလိုက်သည်
ယွန်းနဲ့စကားပြောပြီးတော့ CEO က တစ်ခြားဝိုင်းတွေကို လိုက်နှုတ်ဆက်နေ၏။
ညစာစားပြီးအခန်း ပြန်ရောက်တော့ "မ" ကို ဖုန်းခေါ်လိုက်သည်
" ဟယ်လို ဆရာလေး "
" ညီမလေး ဖုန်းခေါ်တာ စောင့်နေတာ ဘယ် Simcard သုံးမယ်မှန်း မသိလို့လေ"
DU LIEST GERADE
တောင်အာရှဆီမှ နှလုံးခုန်သံ
Sachbücherအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်