"မခွဲခင်ကပင် လွမ်းနှင့်ပြီ ၊ ချစ်ခြင်းမေတ္တာတွေသာ စစ်မှန်ခဲ့ရင် သင့်ထံပါးသို့ မကြာခင် ပြန်ရောက်ရပါစေသား "
***************
ဒီနှစ်ရိပ်သာမှာ ညီမလေး ကလည်း သင်တန်း လာတက်နေတာမို့ သူကကျောင်းကို အရင်ရောက်နေသလို ပန်းရောင်လေးနဲ့တောင် သိပြီးနေပြီ။ တော်တော်များများက "မ" ရဲ့ အခန်းဖော် ဆရာလေးကို ချစ်သောကြောင့် ညီမလေး လည်း အဲ့ဒီ ဆရာလေးကို ပဲ အချစ်ပိုမည် ထင်တာ ညီမလေး ကလည်း သူ မှ သူပါတဲ့။ "မ"သက်သတ်လွတ်စားတာသိတော့ ရိပ်သာရောက်ကတည်းက သူလည်း သက်သတ်လွတ် လိုက်စား၏။ ယွန်းတို့က အပေါ်ထပ်မှာနေရပြီး ညီမလေးက အောက်ထပ်မှာနေရတာမို့ အကြောင်းမရှိ အကြောင်းရှာပြီးတော့လဲ အပေါ်ထပ်ကို ခဏခဏ တက်လာလေ့ရှိသည်။ ဆရာလေးကို မတွေ့လျှင်တော့ သူဘယ်သွားလဲ လာလာမေးတာကလွဲလျှင် ကိုယ့်ကိုရှိသည်လို့တောင် မှတ်ယူထားပုံမရ ။
xxxxxxxxxxxxxxxx
ဒီနေ့ ဥပုဟ်နေ့ဆိုတော့ ခေါင်းရိတ်ရမှာမို့လို့ သင်တန်းသူတွေအားလုံး ရေချိုးတဲ့နေရာမှာ ဖလားလေးတွေကိုယ်စီနဲ့ တန်းစီနေကြသည်။ သင်တန်းသူတွေက အပါးတစ်ရာကျော်တာမို့လို့ ကြီးကြပ်သူ ဆရာလေးတွေက အတန်းလိုက်တာဝန်ယူပြီး ရိတ်ပေးသည်။ ကိုယ်က မရိတ်တက်တာမို့ အောက်မဆင်းတော့ပဲ ဝရန်တာကနေ ကြည့်နေတုန်း လွတ်နေတဲ့ အတန်းတွေရှိတာတောင် အဲ့ဒါ တွေကိုကျော်ပြီး ညီမလေးက ယုန်ပေါက်လေး အတန်းမှာ ဝင်စီ၏။ ညီမလေး အရှေ့မှာ သင်တန်းသူ ဆရာလေး ၇ပါးလောက် ရှိနေတာမို့ သူက စောင့်ရမှာစိုးဟန်နဲ့ တစ်ခြားအတန်းမှာ ဝင်စီဖို့ ပြောလိုက်ပုံရသည် ဝရန်တာနဲ့ အောက်ထပ်က အနည်းငယ်လှမ်းတာမို့ သူတို့ပြောနေတာကို သေချာမကြားရ နှုတ်ခမ်းကြီးစူပြီး သူ့ကို မျက်စောင်းထိုးပြီး ပြန်ကြည့်သော ညီမလေးကို မြင်တော့ အသံထွက်အောင် ရယ်မောမိသည်။ တစ်လက်စတည်း အားလည်းကျမိသည် ကိုယ်သာ ညီမလေးနေရာမှာဆို "တင့်ပါဘုရား" ဆိုပြီး အခုချိန် တစ်ခြားအတန်း ရောက်နေလောက်ပြီ။ ညီအစ်မတွေဆိုပေမယ့် ညီမလေးနဲ့ ကိုယ်နဲ့က တစ်နေရာမှမတူ။ သူက တကယ့်ကို သတ္တိရှိသည်။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်