"အသန်မာဆုံးလို့ ထင်ရတဲ့လူတွေက အထီးအကျန်ဆုံးသူတွေပါပဲ"
===============
နိုးလာတော့ ဘေးမှာ သူမ ရှိမနေ ၊ မိုးတောင်လင်းပြီဆိုတော့ ဆွမ်းစားနေလောက်ပြီပေါ့။ မျက်နှာသစ်ဖို့အတွက် အိပ်ရာပေါ်က ထလိုက်သည် သွားပွတ်တံနဲ့ သွားတိုက်ဆေးထည့်လာလို့ တော်သေး ဘာဆိုဘာမှ မေးမရ ပြုမရတဲ့ အခြေအနေမို့လား။ မျက်နှာသစ်ပြီး ဧည့်ခန်းကိုထွက်လာတော့ သုံးပါးလုံး ဆွမ်းစားနေကြပြီ ။ သူမဘေးနေရာမှာ ပန်းကန်လွတ် တစ်ချပ်ကိုမြင်တော့ အနည်းငယ်ကျေနပ်သွားသည် ထမင်းကျွေးလို့တော်ပါသေးရဲ့။ အဆုံးစွန်အောက်ကျို့ဖို့ စဥ်းစားထားပေမယ့် အဆာငတ်ခံဖို့တော့ မစဥ်းစားထားပါ ညက ညစာမစားရတာရယ် သူတို့တွေနဲ့ မျက်နှာချင်း မဆိုင်ရဲတာကြောင့် ထမင်းကိုပဲ အသားကုန် ငုံ့စားနေမိသည်။ ရေသောက်ချင်သော်လည်း ရေကရားက ဆရာကြီးနားမှာမို့ လှမ်းမယူရဲ ကိုယ့်စိတ်ကိုလှမ်းမြင်နေတဲ့အလား ဆရာကြီးက
" Sanjana ဖြေးဖြေးစားပါ ရေလည်းသောက်ဦး ထမင်းနင်နေလိမ့်မယ်" ဆိုတော့မှ
သူမက ခွက်အလွတ်တစ်ခုထဲ ရေထည့်ပေးပြီး ကိုယ့်ဘေးမှာ လာချသည် ။ ရေခွက်ရတာနဲ့ တစ်ရှိန်ထိုးမော့သောက်လိုက်သည်။ ယွန်း ရေသောက်ပြီးတဲ့ အချိန်ထိ ဆရာကြီးက အသေအချာစောင့်နေပြီး စကားဆက်ပြော၏။
" ဆရာလေးဝတ်ဖို့ တကယ်ဆုံးဖြတ်ပြီးပြီလား ၊ ဘယ်လောက်ကြာအောင်ဝတ်မှာလဲ"
" ဆုံးဖြတ်ပြီးပြီ ဘုရား ၊ အချိန်ကန့်သတ်ချက်မရှိပါဘူး အလုပ်တွေလည်း အကုန်ဖြတ်ခဲ့ပြီမို့ အရှင်ဘုရား ကျောင်းမှာ လက်ခံထားသရွေ့နေချင်ပါတယ်"
ဆရာကြီးက
" အင်း ဆရာလေး ဝတ်တဲ့အကြိမ်ရေများခဲ့ပေမယ့် ၊ ပရိယတ်စာပေတွေကိုပဲ အသားပေး သင်ယူခဲ့ရလို့ ဒီလိုတွယ်ညိမှုတွေဖြစ်လာတာပဲ"
" တရားစခန်းတော့ နှစ်ကြိမ်ဝင်ဖူးပါတယ်ဘုရား ဒါပေမယ့် အရှင်ဘုရား ပြောသလိုပဲ စကားတွေကနေပဲ တရားကိုရှာနေရသလိုဖြစ်လို့ တရားအားထုတ်ခြင်း အနှစ်သာရ ကို တကယ်မသိပါဘူး ပြီးတော့ မပဝရမှရယ်လို့ မဟုတ်ပါဘူး ဆရာလေးတွေ အနားရောက်သွားရင်ကို အလိုလိုငြိမ်းအေးသွားတဲ့ ခံစားချက်တွေရလို့ ဘဝရဲ့ အချိန်တော်တော်များများ ရိပ်သာတွေမှာပဲ ကုန်ဆုံးခဲ့တာပါ"
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်