Episode 24 - တောင်အာရှဆီမှ နှလုံးခုန်သံ

64 3 0
                                    

"မျက်နှာ တစ်ခုလုံးမှာ ကိုယ်အကြိုက်ဆုံးကတော့ နှုတ်ခမ်း တွေပင်၊ အပေါ်ပိုင်းက နီညိုရောင်သန်းပြီး အောက်နှုတ်ခမ်းက ပန်းရောင် ၊ အောက်နှုတ်ခမ်းသားတွေကို ဖိကိုက်လိုက်လျှင် ချက်ချင်း ရဲတက်သွားတာကို သဘောအကျဆုံး"

****************

ထိုလူသား ၂ ယောက် ကံကောင်းပါသည် ။ မြန်မာပြည်ဖွား "မ" တို့လူမျိုးတွေအဖွဲ့ ရဲ့ ဥက္ကဌကြီး အပါအဝင် အဖွဲ့သားတွေအကုန် လေဆိပ်မှာ ပန်းကုံးတွေ ဘာတွေနှင့် လာကြိုကြ၏ ။ ယွန်းကသာ ထို မင်းသားကို မသိတာ သူနိုင်ငံမှာတော့ ကျော်ဟိန်းတို့ဘာတို့လို လူသိများ ထင်ရှားသော မင်းသား တစ်လက်လို့ ပြောကြသည်။ မင်းသားနဲ့ CEO Immigration ဖြတ်ပြီး ထွက်လာတော့ အကုန်လုံးက မင်းသားကိုပဲ ပန်းကုံးတွေ ဝိုင်းစွပ်ကြ စကားလုပြောနှင့် ကြိုဆိုကြတာမို့ CEO ကို ကိုယ်ကပဲ စပြီး လက်ကမ်းပေးရင်း နှုတ်ဆက်လိုက်သည်

" ယွန်းပါ တွေ့ရတာဝမ်းသာပါတယ် "

" ငါလည်း တွေ့ ရတာ ဝမ်းသာပါတယ် မင်းကို Bangladesh ကနေ Messageပို့လိုက်တာ ရရဲ့လား"

" အင်း ရပါတယ်"

သူတို့က သူတို့နိုင်ငံကနေ လာခြင်းမဟုတ် Bangladesh မှာ Audition လုပ်ပြီး မြန်မာကို တန်းလာခဲ့ခြင်း ဖြစ်၏။ သူတစ်ခုခု ဆက်ပြောမလို့ ပြင်နေတုန်းမှာပဲ အဖွဲ့ထဲက အန်တီကြီး
တစ်ယောက် သူ့ကိုပန်းကုံး လာစွပ်သည် အခုမှပဲ သတိရသည် ထင်ပါ့ ။ တစ်ယောက်ပြီး တစ်ယောက် မင်းသားနှင့် ဓာတ်ပုံတွေတွဲရိုက်ကြပြီး သူတို့ရိုက်လို့ ဝတော့မှ CEO လေးကို သတိရကြသည် ။ အဖွဲ့ လိုက်ပုံ ရိုက်ဖို့ CEO ကို လာခေါ်စဥ် ကိုယ့်ဖုန်းထုတ်ပြီး သူတို့ကိုရိုက်ပေးဖို့ လုပ်တော့ CEO က

" ယွန်း လာခဲ့ပါ ပုံ ထဲမှာ မင်းပါသင့်တယ် ဒီပုံထဲမှာ မင်းမပါရင် ဘာမှ အဓိပ္ပာယ် မရှိဘူး တစ်ခြားတစ်ယောက်ယောက်ကို ရိုက်ခိုင်းလိုက်ပါ " ဆိုတော့မှအဖွဲ့ထဲ လူတစ်ယောက် ထွက်လာပြီး ရိုက်ပေးသည်။

ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးလေဆိပ်က မထွက်ခင် ဥက္ကဋ္ဌ ကြီးက ကိုယ့်ဆီလာပြီး

"သမီး သူတို့ကို ဦးတို့ကားတွေနဲ့ပဲ လိုက်ပို့လိုက်မယ် Sedona မဟုတ်လား အသစ်လား အဟောင်းလား" လို့မေးသည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now