"အကြီးအကျယ် စိတ်ပျက်သွားတာ သိသည် ဒါပေမဲ့ ချော့လည်း မချော့နိုင်ပါ ကိုယ့်ကိုယ်ကို တောင် မနည်းတည်ဆောက်နေရသော အချိန်မဟုတ်လား"
*****************
အိမ်ပြန်ရောက်တော့ နေရတာ အသားမကျသလို သူ့ ကိုလည်း ထွက်လာသည့်အကြောင်း မပြောရဲသေး။
အဒေါ်အကြီးဆုံးက လှမ်းဖုန်းဆက်ရင်း
"ဟေ့ မင်းကိုပြောတယ် မဝတ်ပါနဲ့ ဆိုတာကို
သွားတာကိုး ပြန်ထွက်လာမယ်ဆိုတာ ငါသိတယ် "တဲ့" ထွက်ချင်လို့ ထွက်လာတာ မဟုတ်ပါဘူး ညီမလေး က နေ့တိုင်း ပြန်လာခဲ့ပါဆိုပြီး ကျောင်းမှာ လာငိုလို့ ပါနော် "လို့ပြောတော့
ထမင်းတွေကို ပလုပ်ပလောင်းဝါးရင်း ညီမလေး က
"အမလေး သမီးလာငိုလို့ပဲ ဖြစ်ရသေးတယ် ၊ သမီးအစ်မ နေ့တိုင်း ခြင်ထောင်ထဲမှာငိုတယ် ဆိုပြီး ဆရာကြီးက ပြောတယ်" ဆိုပြီး ဝင်ပြောမှ
ကိုယ့်မှာအံ့အားသင့် ရတော့ သည်။တစ်ခါတစ်လေ ဘေးမှာ ဆရာကြီး တရားလာလာမှတ် ပေမယ့် ဆရာကြီး မသိလောက်ဘူးဟုသာ ထင်ခဲ့သည်။ အခုတော့ ဆရာကြီး သိနေခဲ့သည်လား ။သိနေခဲ့တာတောင် ဘာမှ မပြောခဲ့သည့် ဆရာကြီး ကို လေးစားကာ အကြည်ညိုပိုရပြန်သည်။
ဒါပေမယ့် အခုချိန်ထိ သူ့ကို ပြန်ထွက်လာပြီ ဆိုတဲ့အကြောင်း ဘယ်လို ပြောရမှန်းလဲ မသိ။ တစ်ပတ်လောက်နေတော့ "မ" လိုင်းရှိနေတာ မြင်တော့ ဖုန်းခေါ်လိုက်သည် စကားပလ္လင်တွေ ခံမနေတော့ ပဲ
"ဆရာလေး ညီမလေး လူထွက်လိုက်ပြီ ၊ အခု အိမ်ပြန်ရောက်နေပြီ"ဆိုပြီး တစ်ဆက်တည်း ပြောချလိုက်ရာ
" ဟမ် အိမ်ပြန်ရောက်နေပြီလား " ဆိုပြီး အံ့အားသင့်သွား၏။ မေးခွန်းမေးပြီး အတန်ကြာ သူ့ဘက်က တိတ်ဆိတ်သွားတာမို့ ကိုယ်ကပဲ
"ဆရာလေး အိမ်ကို အရမ်းသတိရတယ် ပြီးတော့ တရားလည်း မမှတ်နိုင်ဘူး "
"အစပိုင်းကတော့ ဒီလိုပဲ ဖြစ်မှာပဲ ကလေးရဲ့ ဒါကို ကျော်အောင် မှတ်ရမှာ အဲ့ဒါ ကို ဂရုမစိုက်ပဲ တရားကိုပဲ စိတ်အားစိုက်ပြီး မှတ်ရမှာ "
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်