Episode 21 - တောင်အာရှဆီမှ နှလုံးခုန်သံ

53 4 0
                                    

"အတွေးတိမ် အမြင်ကျဥ်း လိုတာထက် ပိုပြီး တာဝန်မယူ ချင်သော သူတွေ ဦးဆောင်နေသောကြောင့် မြန်မာလူငယ်တွေ အခွင့်အရေးတွေ ဆုံးရှုံးနေတာမြင်တော့ အကြီးအကျယ် စိတ်မကောင်းဖြစ်မိသည်။"

*********************

အလုပ်က နည်းပညာ နှင့်ပတ်သတ်သော်လည်း စွမ်းရည်တက်လာတယ်လို့ မခံစားရ၊ Code လည်း မရေးရ Website လည်း မဆောက်ရ ဒါပေမယ့် နည်းပညာနယ်ပယ်က လူတွေအများကြီးနဲ့​တွေ့ရတာတော့ပျော်ဖို့ကောင်းသည်။ အဲ့တော့ စွမ်းရည်မကျအောင် အိမ်ပြန်ရောက်ရင် ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရသည် အားရင် အားသလို Assignment လည်း ရေးရသေးသည်။ ပင်ပန်းပေမယ့်လည်း ငြီးနေလို့ မဖြစ် အများကြီးလိုချင်ရင် အများကြီး အပင်ပန်းခံရမှာပဲလေ ။

တစ်ဖြည်းဖြည်း နဲ့ အလုပ်ကလည်း ဒါချည်းပဲ လုပ်နေရတော့ ပျင်းလာပြီ လစာကောင်းတာ မှန်ပေမယ့် အနာဂတ်အတွက် အာမခံချက်မရှိ "မ" တို့နိုင်ငံ သွားနိုင်လောက်သော ပိုက်ဆံစုပြီးလျှင်တော့ ထွက်ဖို့ မှန်းထားသည် ။ ရုံးမှာ အလုပ်ပါးသော နေ့တွေဆိုလျှင် "မ"တို့ နိုင်ငံကပေးသော Scholarship တွေ Exchange Program တွေ ရှိလို ရှိငြား ရှာကြည့်သော်လည်း မတွေ့ ပါ။ အင်းပေါ့ သူတို့နိုင်ငံကလည်း မြန်မာလို ဖွံ့ ဖြိုးဆဲ နိုင်ငံပဲဆိုတော့ ဘယ်ပေးနိုင်ပါ့မလဲ ။

ဒီလိုနဲ့ပဲ ရုံးတက် ရုံးပြန်ရင်း လတွေ ကုန်လွန်လာခဲ့သည် ကြားထဲမှာ စကားပြောဖြစ်ကြသော်လည်း အရင်ကလောက် မနွေးထွေးတော့ပါ။

"မ" ကို မုန်းသွားတာ မဟုတ်ပေမယ့် သူ့နှုတ်ဖျားက ထွက်လာမယ့် စကားလုံး ကြမ်းကြမ်တွေကို ခံနိုင်ရည် မရှိပါ အဲ့ဒါ ကြောင့် စကားကို ထိန်းပြောနေရသည်။

အလုပ် မထွက်ခင် ၂ပတ် အလိုလောက် "မ" တို့နိုင်ငံက ဦးဆောင်ကျင်းပမည့် အာရှ Level ဥာဏ်စမ်းပြိုင်ပွဲ အတွက် Country Coordinator ခေါ်ထားတာ တွေ့တာမို့ ချက်ချင်း လျှောက်လိုက်သည် ။ အလုပ်မှာ အလုပ်က Email ပဲ အမြဲဖွင့်ထားတာကြောင့် Program တော်တော်များများ ကို အလုပ် Email နဲ့ပဲ လျှောက်ဖြစ်သည်။ ဒီအလုပ်ကိုလည်း အလုပ် Email နဲ့ပဲ လျှောက်လိုက်သော်လည်း ၂ပတ် ကြာတဲ့အထိ အကြောင်းပြန်မလာပါ ။

တောင်အာရှဆီမှ နှလုံးခုန်သံDonde viven las historias. Descúbrelo ahora