Episode 25 - တောင်အာရှဆီမှ နှလုံးခုန်သံ

61 4 0
                                    

" မ " ရေ ဒီလူသား သေးသေးလေးက " မ " ပြန်သွားပြီးကတည်းက နေ့တိုင်း "မ" ဆီ အရောက်လာနိုင်ဖို့ နေ့မအိပ် ညမအိပ် အားသွန်ခွန်စိုက် ကြိုးစားနေခဲ့ရသူမို့အချိန်ခဏ လေးပဲ စောင့်ပေးပါဗျို့။ "

*********************

သံရုံးရောက်တော့ ည၇နာရီထိုးလုပြီ၊ သံရုံးမှာလည်း
" မ" တို့ လူမျိုးတွေ အများကြီး ရောက်နေကြသည် မင်းသားကို တွေ့ချင်လို့တဲ့ ၊ မင်းသားက အခုထိ ထိုင်တဲ့ဆီ မရောက်သေး ကလေး သေးသေးလေးတွေကအစသူနဲ့ အလုအယက် ဓာတ်ပုံ ရိုက်နေကြသောကြောင့် သံအမတ်ကြီး လာခေါ်မှပဲ သူ့မှာထိုင်ရတော့သည် ။ အကုန်လုံး သူတို့ဘာသာ စကားနဲ့ ပြောတော့ ဘာတွေပြောနေမှန်းမသိ သူတို့ရိုးရာ သီချင်းတွေဆိုပြီး ကလည်း ကကြ၏ ။ သူတို့ ၂ယောက်တော့ ဘယ်လို အင်အားနဲ့ ရယ်မော ပျော်ရွှင်နေလဲ မသိ ကိုယ်က ဗိုက်ဆာလွန်းလို့ အူတွေခေါက်နေပြီ။

၈နာရီခွဲလောက်မှပဲ ညစာစားရတော့သည် သံအမတ်ကြီး၊ CEO ရယ် ယွန်းရယ် ဥက္ကကြီးရယ်က တစ်ဝိုင်း တစ်ခြားသူတွေလည်း တစ်ခြားဝိုင်းတွေမှာ ထိုင်ပြီး စားနေကြပြီ ။ သက်သတ်ဟင်း​တွေ အများကြီးပါသလို အရသာလည်း ကောင်းလှသည် ။ CEO က ဘေးမှာ ထိုင်ပြီး စားရတာ အဆင်ပြေလားမေးရင်း ဟင်းတွေထည့်ပေးနေ၏
မြန်မာပလာဇာမှာ တုန်းက သေချာမစားတာကို
မှတ်ထားဟန် တူသည် ။ ထမင်းစားနေတုန်း ဥက္ကကြီးက လည်း သူ့တူမ နဲ့ ဇနီးကို ကိုယ်နဲ့ မိတ်ဆက်ပေးသည် ။

စားနေတာ ပန်းကန် တစ်ဝက်ပင် ကုန်တော့မည် မင်းသားက ရောက်မလာသေး အကုန်လုံးအလုအယက် သူနဲ့ ဓာတ်ပုံ ရိုက်နေကြတုန်းပင် ဥက္ကကြီးသွားခေါ်လာမှပဲ သူ့မှာစားရတော့သည်။ Celebrity ဘဝက တော်တော်ပင်ပန်းပါသည် စားရင်းသောက်ရင်း စကားပြောရင်း ကိုယ်ပဲ အရင်ဆုံးကုန်သွားတာမို့ CEO က ထမင်းထပ်ယူဦးမလား​
မေးတော့ ခေါင်းညိမ့် ပြလိုက်သည်။ ပန်းကန်းထဲ
ထမင်းထည့်ပေးရင်း ဟင်းတွေလည်း ခပ်ထည့်ပေး၏။ ဘဝမှာ အမျိးသားတစ်ယောက် အဲ့လောက်ထိ ဂရုစိုက်ပေးတာမျိုး မခံရဖူး တကယ့်အစ်ကိုရင်း တစ်ယောက်လိုပင်
ထမင်း ၂ ပန်းကန် ကုန်သွားမှပဲ လူကနေသာ ထိုင်သာ ရှိတော့သည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now