Episode 26 - တောင်အာရှဆီမှ နှလုံးခုန်သံ

58 5 0
                                    

"ဒီလို အချိန်ရောက်ဖို့ ရက်ပေါင်း ၇၀၀ ကျော် နဲ့ နာရီပေါင်း ဘယ်လောက် စောင့်ခဲ့ရကြောင်း Heart Emoji နဲ့တွဲပြီး Message ပို့လိုက်​တော့ ရှက်ပြုံးလေး ပြုံးနေသော စတစ်ကာ ပြန်ပို့လာ၏။ "

***********
ဥက္ကဌ ကြီးကို တောင်းဆိုပြီး ၃ ရက်လောက် အကြာတော့မှာ ဥက္ကဌ ကြီး ဘက်က ဖုန်းဆက်လာ၏ ။

" သမီး ဦးတို့ ကလေး မိဘတွေ အကုန်လုံးနဲ့ တစ်ခေါက်လောက် ဆုံရင် ကောင်းမယ်  ဘယ်လို သဘောရလဲ "

" အဲ့ဒါ ပိုကောင်းတယ် ဦး သမီးတို့ တစ်နေရာတည်းမှာ တစ်ခါတည်း ဆွေးနွေးလို့ ရသွားတာပေါ့ "

" ဘယ်မှာတွေ့  ကြမလဲ ဦးတို့ အဖွဲ့ရဲ့ ဒုဥက္ကဌ က နောက် ၃ ရက်လောက်နေမှ ခရီးက ပြန်ရောက်မှာ ဆိုတော့ အဲ့နောက်ပိုင်းမှ တွေ့ လို့ ရမယ် သမီး "

" ဟုတ်ကဲ့ ပါ ဦး ၊ နေရာက မြောက်ဥက္ကလာ ကျောင်းမှာပဲ တွေ့ လိုက်မယ်လေ ဆရာကြီးတွေနဲ့ပါ တစ်ခါတည်း တွေ့လို့ ရသွားတာပေါ့ ပြီးတော့ သမီးမြောက်ဒဂုံကျောင်းက ဆရာမတွေကိုလည်း ခေါ်လိုက်မယ်"

" အဲ့ဒါ ဆို သမီးပဲ အားလုံးစီစဥ်လိုက်တော့နော် ၊ Meeting ကျ တွေ့မယ်  See you " ဆိုပြီး ဖုန်းချသွားသည်။

နောက် ၃ ရက်မြောက်နေ့ကို ကြည့်တော့ စနေနေ့ ကျသည် ၊ Sunday ဆိုရင်တော့ အားလုံး အားလောက်မည် ထင်ပါသည် ။ အဲ့ဒါကြောင့်  Meeting ကို Sunday လုပ်ဖို့ ဆုံးဖြတ်ရင်းကျောင်းက ဆရာတွေကနေ  တစ်ဆင့် ကလေးမိဘတွေကို Meeting တက်ဖို့ ပြောခိုင်းလိုက်သည်။

Meeting မှာလူစုံသည် ၊ ကလေးမိဘတွေလည်း အကုန်လာကြသည် မြောက်ဒဂုံ ကျောင်းဘက်က ဆရာမတွေတော့ လိုက်မလာပါ ။ကလေးမလေးလည်း Passport ရပြီတဲ့ ဥက္ကဌ ကြီးတို့ဘက်ကလည်း  ဒုဥက္ကဌ ပါ တက်ရောက်၏။

အစည်းအဝေး ဆုံးဖြတ်ချက်ပြီးတော့ ဥက္ကဌ ကြီးတို့ ဘက်က လက်မှတ် သုံးစောင် Sponsor ပေးပါမည်တဲ့ တစ်ခြားသူတွေတော့ မသိ  ကလေးတွေအားလုံးပါသွားလို့ယွန်းတော့ တော်တော်ပျော်သည် ။ ပြီးတော့ ဥက္ကဌ ကြီးက ဆက်ပြောသည်

" ဟိုမှာလည်း မြန်မာနိုင်ငံမှာမွေးတဲ့ ဦးတို့ လူမျိုးတွေချည်းဖွဲ့ထားတဲ့ အဖွဲ့ ရှိတယ် သူတို့ကို အကြောင်းကြားထားပြီးပြီ သူတို့လာကြိုလိမ့်မယ် တစ်ခုခုဆို သမီးသူတို့ဆီ အကူအညီ တောင်းလို့ ရတယ် Sanjana၊ သမီးကို ဦး Contact တွေ ပေးလိုက်မယ်"

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now