Episode 32 - တောင်အာရှဆီမှ နှလုံးခုန်သံ

70 6 0
                                    

"အမွှေးပွ ခွေးရုပ် အဖြူ ရှာမရတဲ့ အဆုံး ပြောင်စပ်စပ် အညိုရောင် ခွေးရုပ်လေးပဲ ယူလိုက်တော့သည် "မ" လို မချောရင်တောင် ယွန်းလို ချစ်စရာ ကောင်းသည်လေ"

******************

ဒီနေ့တော့ ယွန်းတို့ သုံးယောက် မနက်စာတူတူ စားကြသည် ၊ မနက်စာစားပြီး ပြန်ဖို့ ပြင်ကြတော့ ကျောင်းကနေ ကားထွက်မယ့် ဂိတ်အထိကို သုံးဘီးမရှိတာမို့ လမ်းလျှောက်ရသည်။ လမ်းမှာ ခရီးဆောင် အိတ်ကို မနိုင်မနင်းသယ်နေတာ တွေ့တော့ သူငယ်ချင်းက လုသယ်သည် ယွန်းတို့ ၂ယောက်ကို ကြည့်ပြီး Laura က

" မင်းတို့ ၂ယောက် သိပ်ကို ချစ်ကြတာပဲနော် ငါ့ဘဝ တစ်သက်တာမှာ ဒီလို Friendship မျိုး မမြင်ဖူးဘူး တို့တော့ မင်းတို့ကို လွမ်းနေတော့မှာပဲ"

ကားစီးမယ့် နေရာရောက်တော့ ယွန်းတို့က တစ်ကား ၊ သူက တစ်ကား ဖြစ်သွားပြီ ကားပေါ်မတက်ခင် Laura က သူ့ဆီEmail မှန်မှန်ပို့ဖို့ ၊ သူ့ကိုမေ့မသွားဖို့ သူလည်း France ရောက်ရင် ဆက်သွယ်မည့်အကြောင်းပြောရင်း နှုတ်ဆက်၏။ သူ့ကားကတော့ ထွက်သွားပြီ ကိုယ့်ကားက
မထွက်သေးသောကြောင့် ခဏစောင့်နေရသေးသည်။

ကားထွက်ပြီး လမ်းတစ်ဝက်လောက်ရောက်တော့ ပြန်လာနေပြီဆိုတဲ့အကြောင်းပြောဖို့ "မ" ဆီဖုန်းခေါ်ဖို့ ကြိုးစားသေးသည် ဖုန်းလိုင်းတွေလည်း မမိ ဘယ်နားကြည့်လိုက်ကြည့်လိုက် တောင်တွေချည်းပဲမို့ ခေါင်းတွေမူးပြီး စိတ်ဓာတ်တွေကျလာသည်။

လမ်းပြင်နေသောကြောင့် ကားကလည်း ၁မိနစ်ကို ဘီးဆယ်ချက်လှိမ့်စာ နဲ့ရွေ့နေသည် ဒီနေ့မြို့ကို
ပြန်ရောက်ပါ့ဦးမလား ဟူး သက်ပြင်းတွေပဲ အကြိမ်ကြိမ် ချနေမိတော့သည်။ ဒီမြို့က မြို့တော်နဲ့ တော်တော်ဝေးတဲ့ အပြင် လမ်းပြင်နေသောကြောင့် ၈နာရီနဲ့ ရောက်ရမယ့် ခရီးက ၁၃ နာရီလောက် ကြာသွား၏ ။ မြို့တော်ကို ရောက်တော့ ည၉နာရီတောင်ထိုးနေပြီ ဒီက ည၉နာရီဆိုတာ ရန်ကုန်လို မဟုတ် ပိန်းပိတ်အောင် မှောင်နေပြီး လူခြေလည်း တော်တော်တိတ်နေပြီ ဖုန်း​တွေဝင်ထားသော်လည်း Silent လုပ်ထားတာမို့ "မ" ခေါ်ထားတာမသိလိုက်
ဖွင့်ကြည့်လိုက်တော့မှ ၅ခါတောင်ခေါ်ထားသည်။Missed Call တွေ တွေ့သော်လည်း "မ" ဆီ ဖုန်းမဆက်အားသေး ကျောင်းပြန်ဖို့ စီစဥ်ရဦးမည် ။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now