Episode 15 - တောင်အာရှဆီမှ နှလုံးခုန်သံ

45 3 0
                                    

"သူမ အတိတ်တို့ရဲ့ ဖြစ်တည်ရာ နောက်ပြီး သူမရဲ့ အနာဂတ်နဲ့ ပတ်သတ်ဆက်နွယ်နေရဦးမယ့် သူတွေမို့သာ နားထောင်နေခြင်းဖြစ်သည် လက်ရှိမှာတော့ သူမရဲ့ ပစ္စုပန်က ကိုယ်ပဲ ဖြစ်ချင်မိသည် "

*************

India မှာ နေ့တိုင်းနီးပါးလောက် စကားပြောဖြစ်တာမို့ သူနဲ့စကားပြောတိုင်း အရင်လို ရှိန်မနေတော့ပဲ ပိုပိုပြီး ရင်ဘက်ချင်းနီးလာသလို ခံစားရသည်။ India သွားတဲ့အချိန်ထိ ကြီးမားသော ပိုင်ဆိုင်မှုဆိုလို့ Keypad phone သာ ရှိသော ကိုယ့်အတွက် အိမ်က ညီမတော် ပေးလိုက်သော Smart Phone ကြောင့်သာ သူနဲ့ စကားပြောလို့ ရခြင်းဖြစ်သည်။ အဝေးသင်ကို တစ်နှစ် နားလိုက်သောကြောင့် India က ပြန်လာတော့ စာမေးပွဲ ဖြေစရာမလို၊ Guide က လည်း အခုဆို မောင်နှမ သုံးယောက်စလုံးကို သင်နေတာဆိုတော့ လနည်းနည်းလောက် ပိုက်ဆံစုပြီး ဖုန်းဝယ်လိုက်သည်။

ဖုန်းဝယ်ပြီးတော့ သူနဲ့ မကြာ မကြာ စကားပြောဖြစ်ပြီး များသောအားဖြင့် Viber ကပဲ ပြောကြ၏  ။ Sticker တွေ အများကြီး Download လုပ်ထားချင်သော်လည်း ဆရာလေးဆိုတော့ တစ်ချို့ Sticker တွေက မသင့်တော် တာမို့ ချစ်လှစွာသော အစ်မတော် ပို့လာသော Sticker အလန်းလေးတွေပဲ Download လုပ်ကာ သိမ်းထားလိုက်တော့သည်။

သူငယ်ချင်းတွေတောင် ဖုန်းတစ်ခါခေါ်လိုက်တာနဲ့ ချက်ချင်းမကိုင် စာပို့ရင်လည်း ပို့ချင်တဲ့အချိန်မှ ပြန်ပို့သော်လည်း ပန်းရောင်လေး ကတော့ ယွန်း Missed Call ပေးလိုက်သည်နှင့် ချက်ချင်းလိုင်းပေါ်တက်လာလေ့ရှိသည်။ စကားပြောဖို့ မအားရင်တောင် မအားတဲ့အကြောင်းကို စာပို့ပြီး ပြောသည် ချစ်တာ မချစ်တာတွေထက် ကိုယ့်ကို လေးလေးစားစား ဆက်ဆံသည်ဟု ခံစားရသည်။ ဤကဲ့ တည်ငြိမ်ရင့်ကျက်သော လူကြီးဆန်သော ကြင်နာတက်သော "သူမ" ကို မချစ်မိအောင် ကြိုးစားရင်းပဲ နက်နက်ရှိုင်းရှိုင်း တွယ်ညိနေခဲ့ပြီဆိုတာ ကိုယ်တိုင်တောင် မသိလိုက်ပေ။

                    xxxxxxxxxxxxxx

စာသင်လို့ ရတဲ့ ပိုက်ဆံက သုံးမည်ဆို ကောင်းကောင်းလောက်သော်လည်း ပညာရေး အသုံးစရိတ်ထဲကိုပဲ ပါကုန်သောကြောင့် အိမ်ကိုပြန်မပေးနိုင်။ အလုပ်လုပ်လာတဲ့ တစ်လျှောက်လုံး လခ တစ်လခ ပြည့်အောင်ပင် ပိုက်ဆံ မသုံးဖူးပါ။ စာမေးပွဲကြေး ၊ စာအုပ်ဖိုး ပြီးတော့ Electronic ပစ္စည်းတွေဝယ်ရင်းသာ ကုန်သွားလေ့ရှိသည်။ အခုဖြေရမယ့် TOEFL စာမေးပွဲ ကလည်း စာမေးပွဲကြေးတင် စာသင်လို့ ရတဲ့ ပိုက်ဆံ သုံးလစာလောက်ရှိတာမို့  ကိုယ့်ဘာသာကိုယ် လေ့လာပြီး ဖြေမှ ရမည်။ သင်တန်းတက်ဖို့ ဆိုတာ ဝေလာဝေး။

တောင်အာရှဆီမှ နှလုံးခုန်သံTempat cerita menjadi hidup. Temukan sekarang