Episode 17 - တောင်အာရှဆီမှ နှလုံးခုန်သံ

58 4 0
                                    

"အသည်းဆိုင်တစ်ခုလုံး ပေါက်ထွက်မတက် နာကျင်နေရသော်လည်း ဘာမှ မဖြစ်သလို ဟန်မပျက်နေရင်း နှစ်သိမ့်စကားလည်း မဆိုမိ"

*************

TOEFL ဖြေမယ့်နေ့ရောက်တော့ စာဖြေဆောင်ရှေ့မှာ အကုန်လုံးက စာတွေသဲကြီးမဲကြီး ကြည့်နေသော်လည်း ကိုယ်က ဘာမှ မကြည့်တော့။ ငယ်ငယ်လေးကတည်းက စာမေးပွဲ ဖြေခါနီးဆို အသဲအသန် စာကြည့်လေ့မရှိသလို သုံးလဆက်တိုက် နေ့မအိပ် ညမအိပ် လေ့ကျင့်ထားသောကြောင့်  ယုံကြည်မှုက
အပြည့်။ သင်တန်းမတက်ပဲ တစ်ယောက်တည်း
လေ့ကျင့်ရတာ ဖြစ်ပေမယ့်လည်း နေ့မအိပ် ညမနား ကြိုးစားခဲ့တာမို့ ကောင်းစွာ ဖြေဆိုနိုင်ခဲ့ပါသည်။  

TOEFL စာမေးပွဲ ပြီး​သွားတော့လည်း မနားရပါ။ အဝေးသင် First Semester Assignment က ၄ လပိုင်း အကုန် နောက်ဆုံးတင်ရမှာ ဆိုတော့  သင်္ကြန် တွင်းတောင် ဘယ်မှ လျှောက်မလည်နိုင်ပဲ Assignment အပြီးရေးဖို့ စိုင်းပြင်းရပြန်သည် ။ကိုယ်တိုင်ကလည်း ဆူဆူညံညံပွဲလမ်းသဘင်တွေ လျှောက်လည်ရတာ ဝါသနာ မပါတာမို့တော်သေးသည်။

သူနဲ့ကိုယ်က သက်သတ်လွတ် စားတာချင်း ၊ ပွဲလမ်းသဘင်တွေ မကြိုက်တာအပြင် အစားအသောက်ဆိုရင်လည်း အိမ်အစားအသောက်ကို ခုံမင်တာချင်း ၊ ကလေးချစ်တက်တာချင်း စသဖြင့် တော်တော်များများ တူကြသည်။ အလုပ်လုပ်တဲ့နေရာမှာတော့ "မ" က ယွန်းထက် ပိုစနစ်ကျသည်။မတူကတစ်ခုက ကိုယ်က သူ့ကို အစ်မတစ်ယောက်ထက် ပိုသော ချစ်ခြင်းမျိုးနဲ့ ချစ်ပြီး သူကတော့ ကိုယ့်ကို ညီမလေး တစ်ယောက်ထက် မပိုသော အချစ်မျိုးနဲ့ ချစ်သည် ။

တစ်နေ့ သူ့ကို တင့်တောင့်တင်တယ် ထားနိုင်မည့် အချိန်မှာတော့ ဖွင့်ပြောဖို့ စဥ်းစားပြီးသားပါ အဲ့အချိန် မရောက်ခင်ထိတော့ မျိုသိပ် ရပေဦးမည်။

xxxxxxxxxxx

အချိန် ၂လ ကြာတော့ TOEFL Result ရပါသည်။ အမှတ်လည်း မှန်းထားသလောက် ရပါသည် ။ ဘာကြောင့်မှန်းမသိ တစ်ခုခု ပျော်စရာ ကိစ္စဆိုလျှင် သူ့ကိုပဲ အရင်ဆုံး ပြေးပြီးပြောပြချင်မိတဲ့ စိတ်ရဲ့စေခိုင်းမှု
ကြောင့် Dial Pad မှာ လက်ချောင်းလေးတွေ ပြေးလွှားနေကြသည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now